ရာသီသစ်မှာ မန်စီးတီးရဲ့ အဓိက ပြိုင်ဘက်ဖြစ်လာမယ့် နှစ်သင်းကို အဂွယ်ရို ရွေးထုတ်၊ လီဗာပူး မပါဝင်

လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ၃ ရာသီဆက် ချန်ပီယံဖြစ်ထားတဲ့ မန်စီးတီးကို ယှဉ်ပြိုင်ဖို့ အင်္ဂလန်ပြိုင်ဘက် ကလပ်တွေဘက်က ပိုမို အားထုတ်လာမယ်လို့ အဂွယ်ရိုက မျှော်လင့်ထားပါတယ်။

အင်္ဂလန်ကြီး ၆ ကြီး ကလပ်တွေအပြင် နယူးကာဆယ်ကလည်း တိုးတက်လာတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးဟာ ယခင်ကထက် ပိုမို ခက်ခဲလာတော့မှာပါ။ အဂွယ်ရိုကတော့ လာမယ့်ရာသီ စီးတီးရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာမယ့် ၂ သင်းကို မြင်ထားပါတယ်။

အဂွယ်ရိုက ‘ နှစ်တိုင်းလိုပဲ ရာသီသစ်မှာလည်း စီးတီးတို့ ဆုဖလားတွေ အနိုင်ရအောင် ဂွာဒီယိုလာက ဆက်လက် ဦးဆောင်ပေးမှာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှု ပြင်းထန်သလို ဒါက ဘောလုံးဖြစ်ပါတယ်။ အခြားသော အသင်းတွေကလည်း စီးတီးကို နန်းချဖို့ ကြိုးစားလာပါဦးမယ်။

အာဆင်နယ်က သူတို့သွားမယ့် ခရီးရှည်ကြီးမှာ အရေးပါတဲ့ လူငယ်ကစားသမား အစုအဖွဲ့ကို စုစည်းထားတယ်လို့ ထင်ပါတယ်။ အာတီတာက သူ့လူစာရင်းတွေကို ထပ်မံ အားဖြည့်ပြီး နောက်ရာသီ ပြိုင်ဘက်တွေကို အနိုင်ယူဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကိုလည်း မေ့ဖို့ မသင့်ပါဘူး။ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ဖို့ စိတ်ဓါတ်ကောင်းတွေ ပြန်ရနေပြီး စီးတီးကို အနိုင်ယူလိုတဲ့ အသင်းတွေထဲမှာ သူတို့လည်း ပါပါတယ် ’ လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။