ဖလား ၃လုံး ချန်ပီယံ ဖြစ်ပြီးနောက် တစ်ရာသီ ပွဲ ၇ဝ ကျော်၊ နှစ်ရာသီ ပွဲ ၁၅ဝ ကျော် ထိ ရူးလောက်အောင် ကစားရမယ့် မန်စီးတီးအသင်း

လာမယ့် သီတင်းပတ်ဆိုရင် ကလပ်အသင်းတွေရဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေ ကို ပြန်ပြီး မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးကလပ် အသင်း တွေဟာ ဈေးကွက်ဝေစုကို တိုးချဲ့ဖို့အတွက် ကြိုးစားရင်းနဲ့ အခုလိုမျိုး နိုင်ငံတကာ ခရီးစဉ်တွေကို ရာသီကြို ကာလမှာ ခြေဆန့်ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာဆိုရင်တော့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးဟာ သမိုင်းဝင် ဖလား ၃ လုံးကို အရယူနိုင်ခဲ့တာဖြစ်တဲ့အတွက် ဒီရာသီမှာ သူတို့ ကစားရမယ့်ပွဲအရေအတွက်တွေ ပိုများလာပါတယ်။

ချန်ပီယံလိဂ် လိဂ်ဖလား ကို ရခဲ့တာကြောင့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ နဲ့ ယူအီးအက်ဖ်အေ စူ ပါဖလားတွေကို သူတို့အသင်း ကစားရပါတော့မယ်။ နောက်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့အတွက် ရာသီကြို ကာလမှာတင် ကွန်မြူနတီဒိုင်းပြိုင် ပွဲလည်း ကစားရဦးမှာပါ။

ခြုံပြီးပြောရရင် နည်းပြ ဂွါဒီယိုလာရဲ့ အသင်းဟာ လာမယ့် ဘောလုံးရာသီ ၂ ခုအတွင်းမှာ အနည်းဆုံး ပွဲအရေအတွက် ၁၄၄ ပွဲ လောက်အထိ ကစားရတော့မှာဖြစ်ပြီး သက်ဆိုင်ရာ ရှုံးထွက်ဖလား ပြိုင်ပွဲ တွေမှာ ဗိုလ်လုပွဲအဆင့်တွေအထိ ရောက်ခဲ့မယ်ဆိုရင် ပွဲအရေအတွက် ၁၅၀ ကျော်လောက်အထိကို ကစားရတော့မှာ ဖြစ်ပါတယ်။

ဒီကြားထဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ရွှေ့လိုက်တဲ့ အကွက်ကလည်း နည်းပြ ဂွါဒီယိုလာ အတွက် ခေါင်းခဲစရာပါ။

ဖီဖာကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၂၀၂၅ ခုနှစ်မှာ ပုံစံသစ်နဲ့ ကျင်းပနိုင်ဖို့အတွက် လာမယ့် ၂၀၂၄ ခုနှစ်ကစပြီး ထပ်တိုးပြိုင်ပွဲ တစ်ခု လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က သတင်း ထုတ်ပြန်ထားတာရှိပါတယ်။

တိုက်ကြီးတစ်ခုချင်းစီအလိုက် ချန်ပီယံတွေ ကြားမှာ နှစ်စဉ်ပြိုင်ပွဲတစ်ခု ကျင်းပဖို့အတွက် မဟာဗျူဟာကျတဲ့ အစီအစဉ် တစ်ခုကို ဖီဖာက ပြီးခဲ့တဲ့ မတ်လမှာ အတည်ပြုခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ဥရောပမှာ
န်ပီယံဖြစ်သွားခဲ့တဲ့ စီးတီးဟာဆိုရင် အဲဒီပြိုင်ပွဲအတွက် အလိုအလျောက်ကို ပါဝင်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဖီဖာက အဆို တင်သွင်းထားတဲ့ အဲဒီ ကွန်ဖက်ဒရေးရှင်း ပြိုင်ပွဲပုံစံကိုတော့ လက်ရှိမှာ အတိ အကျ မသိရသေးပါဘူး။

ဒါပေမဲ့ စီးတီးဟာ လာမယ့် ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ် ဖလားကို ဆက်ပြီး ထိန်းထားနိုင်ခဲ့မယ် ဆိုရင်တော့ ထပ်တိုး ကစားရမယ့် ပြိုင်ပွဲတွေများလာတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာ ကလပ် ဟာ လက်ရှိမှာတင် ဘောလုံးရာသီတစ်ခု အတွင်းမှာ ပြိုင်ပွဲ ၇ မျိုး ကစားရ တော့မှာဖြစ်ပြီး အနည်းဆုံး ပွဲအရေအတွက်က တစ်ရာသီကို ပွဲ ၇၀ နီးပါးလောက်အထိ ရှိလာတော့မှာပဲ ဖြစ်ပါတယ်။