မန်စီးတီး နှစ်တိုင်း ဆုဖလားတွေ အောင်မြင်နေတာ ဘာကြောင့်လဲ ပြိုင်ဘက်ကြီးတွေ ဆွေးနွေး သုံးသပ်
မန်စီးတီး အောင်မြင်နေတာဟာ အကောင်းဆုံး ကစားသမားတွေကြောင့် ဖြစ်ပေမယ့် သူတို့ကို ပဲ့ကိုင်ပေးနေတဲ့ ဂွာဒီယိုလာက အရေးပါဆုံး ဖြစ်တယ်လို့ ပြိုင်ဘက် ကစားသမားဟောင်းတွေ ဆွေးနွေးခဲ့ကြပါတယ်။
လီဗာပူး ကစားသမားဟောင်း ရက်နက်က “ ဂွာဒီယိုလာက အကောင်းဆုံး ကစားသမားတွေနဲ့ တွဲလုပ်နေရတာ မှန်ပေမယ့် အဲ့လို ကစားသမားတွေနဲ့ သူတို့ရဲ့ အတ္တမာနတွေကို ထိန်းသိမ်းပဲ့ကိုင်ရတာ မလွယ်ပါဘူး။ သူက ကစားသမားတွေကို စိန်ခေါ်ရတာ ကြိုက်တယ်။ သူတို့တွေကို အမြဲ ပြင်းပြအောင်လုပ်ပေးနေတယ်။
ဂွာဒီယိုလာကို ကြည့်လိုက်ရင် အမြဲတမ်း အင်အားအပြည့်နဲ့ တက်ကြွနေတာပဲ။ အရေးပါတဲ့ ကစားသမားတွေအကြောင်း ကျွန်တော်တို့ ပြောကြပေမယ့် မန်စီးတီးမှာ ဂွာဒီယိုလာက အရေးအပါဆုံးပဲလို့ ကျွန်တော်ထင်တယ် ” လို့ ရက်နပ်က ဆိုပါတယ်။
ကစားသမားတွေကို အမြဲတမ်း ဆာလောင်ပြင်းပြပြီး စိတ်ဓာတ်တက်ကြွနေအောင် ထားထားတဲ့ ဂွာဒီယိုလာရဲ့ စိတ်အားထက်သန်မှု အရေးပါပုံကို သရဲနီဟောင်း ကိန်းကလည်း ထောက်ပြခဲ့ပါတယ်။
“ ဒါက လွန်ခဲ့တဲ့နှစ်တွေအတွင်း ပက် လုပ်ခဲ့တဲ့ စိန်ခေါ်မှုပဲ။ စီးတီးရဲ့ လူသစ် ခေါ်ယူမှုတွေက သိပ်ကောင်းခဲ့ပေမယ့် ကစားသမားတွေကို သူပဲ့ကိုင်ခဲ့တဲ့ နည်းလမ်းကလည်း အရေးကြီးတယ်။ သူက အသင်းသားတွေကို စိတ်ဓာတ်ပြင်းပြအောင် လုပ်ထားခဲ့တာ။
ကန်ဆယ်လိုကို ဖယ်ရှားပြီး ဂျေးဆုကို ထုတ်လိုက်တယ်။ အသင်းလူစာရင်း အရမ်းနည်းလွန်းတယ်လို့ လူတွေက ပြောခဲ့ကြပေမယ့် သူက သူဘာလုပ်နေတယ် ဆိုတာ သိတယ်။ ၃ ကြိမ်ဆက် ဖလားရတာတောင် သူပျော်နေပုံက ပထမဆုံး ဖလားရနေသလိုပဲ။ အံ့ဩစရာကောင်းပါတယ် ” လို့ ရွိုင်ကိန်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။