မန်စီးတီး အသင်းရဲ့ တိုက်စစ်နဲ့ ခံစစ်သမားတွေကို တပြိုင်နက် ချိန်နေတဲ့ ဘိုင်ယန်မြူးနစ်

တော့တင်ဟမ်စပါး တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် အဓိက တိုက်စစ် ပစ်မှတ်ဖြစ်ပါတယ်။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဟယ်ရီကိန်းကို မရခဲ့ပါက ဈေးကွက်ထဲတွင် အလားအလာရှိဆုံး တိုက်စစ်မှူးအဖြစ် မန်စီးတီးတိုက်စစ်မှူး ဟာလန်းရဲ့နောက်မှာ အရန်တိုက်စစ်မှူးအနေနဲ့ကစားနေတဲ့ ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်းသိရပါတယ်။

ဒါပေမယ့် မန်စီးတီးအသင်းကလည်း အဆိုပါ အာဂျင်တီးနားတိုက်စစ်မှူးကို အီတီဟက်မှာပဲ ဆက်လက် ထိန်းထားချင်နေကြောင်း သိရပါတယ်။

ဟယ်ရီကိန်းအတွက် စာချုပ်တစ်ခုရဖို့ တော့တင်ဟမ်ဥက္ကဌ လီဗိုင်းနဲ့ ဆက်ဆံရတာက ဘိုင်ယန်မြူးနစ် နည်းပြ တူချယ်အနေနဲ့ လက်ရှိအချိန်အထိတော့ အကြောင်း တစ်စုံတစ်ရာထူးခြားခြင်းတော့မရှိသေးပါဘူး။

အဲလ်ဗာရက်စ် အပြင် ဘိုင်ယန်မြူးနဟာ အသင်းပြောင်းရွှေ့နိုင်ခြေရှိသော ၎င်းတို့၏နောက်ခံလူ မာဇရာဝီ ၏နေရာအတွက် မန်စီးတီးညာနောက်ခံလူ ဝေါ်ကာအား အစားထိုးရန် စောင့်ကြည့်နေပါတယ်။

ဟယ်ရီကိန်း အတွက် ပြိုင်ပွဲက အချည်းနှီးသာ ပြီးဆုံးသွားပါက ဘိုင်ယန်မြူးနစ်အသင်းဟာ မန်စီးတီးမှ အယ်ဗာရက်ဇ် အပြင် ဂျူဗင်တပ်စ်အသင်းမှာ ဗလာဟိုဗစ်နှင့် ချီယေဆာတို့ကို ထပ်မံချိတ်ဆက်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။