မဟာပြိုင်ဘက် အသင်းသားတွေနဲ့ အတူ ဒီဂျေပွဲမှာ ကဲနေတဲ့ မန်စီးတီး စတား အကီနဲ့ ဒီဘရိုင်း

မန်စီးတီး ကြယ်ပွင့်တွေ ဖြစ်တဲ့ နသန်အကီနဲ့ ကီဗင်ဒီဘရိုင်း တို့ဟာ ပြီးခဲ့တဲ့ သောကြာနေ့ညတုန်းက အိုင်ဘီဇာကမ်းခြေမှာ ပြုလုပ်တဲ့ ကယ်ဗင်ဟားရစ်ဖျော်ဖြေတဲ့ DJ ပွဲတော်သို့ ပြည်တွင်း ပြိုင်ဘက် မန်ယူ၊ မန်စီးတီးစတားများနှင့်အတူ သွားကြည့်ကာ ပျော်ရွှင်ခဲ့ပါတယ်။

အကီ၊ ဒီဘရိုင်းတို့နဲ့ အတူ လီဗာပူးနောက်ခံလူ ဗန်ဒိုက်၊ မန်ယူ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ် တို့နှင့်အတူ သွားခဲ့ကြတာလည်း ဖြစ်ပါတယ်။

၎င်းတို့ဟာ ဖျော်ဖြေသူ ကယ်ဗင်ဟားရစ်နှင့်အတူ တွေ့ဆုံကာ ဓာတ်ပုံအတူ ရိုက်ကူးခဲ့ကြတာ တွေ့ရပါတယ်။

လီဗာပူး နောက်ခံလူ ဗန်ဒိုက်ဟာ ဂီတစတားနှင့်အတူ စင်ပေါ်သို့ တက်ခဲ့သေးတာ တွေ့ရပါတယ်။

ဖလား ၃ လုံး ချန်ပီယံ မန်စီးတီးအသင်းသားတွေဟာ အားလပ်ရက်မှာ ရှိနေသေးပြီး ရာသီကြို လေ့ကျင့်ရေးများ အပြီး ဒီဇူလိုင် နောက်ဆုံး သီတင်းပတ်ထဲမှာ အာရှဘက် ထွက်ကာ ခြေစမ်းပွဲတွေ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

အာရှ ခရီးစဉ်မှာ တောင်ကိုရီးယားနဲ့ ဂျပန်တို့ ပါဝင်မှာ ဖြစ်ပါတယ်။