၂၀၂၃-၂၀၂၄ ဘောလုံးရာသီ မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ဖြစ်လာမယ့် အသင်း

ပရီးမီးယားလိဂ် နည်းပြဟောင်းကြီး ဖြစ်တဲ့ ဟယ်ရီ ရက်နက်က နောက်ရာသီ ပရီးမီးယားလိဂ်မှာ မန်ချက်စတာ စီးတီးကို အဓိက စိန်ခေါ်နိုင်မယ့် အကြီးဆုံး ပြိုင်ဘက်က ဘယ်အသင်း ဖြစ်မလဲ ဆိုတာကို သုံးသပ် မှတ်ချက်ပြု သွားခဲ့ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်နဲ့ အဓိက ယှဉ်ပြိုင်ခဲ့ကာ ၎င်းတို့ရဲ့ ၃ရာသီဆက် ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ခဲ့ပါတယ်။ အာတီတာရဲ့ အသင်းက ဒုတိယ တန်ဟက်ရဲ့ ပထမရာသီမှာ မန်ယူက တတိယနဲ့ နယူးကာဆယ်က အဆင့် ၄ နေရာ ရခဲ့တာုဖစ်ပါတယ်။

နောက်ရာသီမှာ အာဆင်နယ်၊ ယူနိုက်တက်၊ လီဗာပူးနဲ့ ချယ်ဆီးတို့က မန်စီးတီးကို ယှဉ်နိုင်ဖို့ အသေအချာ ပြင်ဆင်နေပြီး ရက်နက်ကတော့ သူတို့တွေထဲက မန်စီးတီးရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာမယ့် အသင်းကို သုံးသပ် ပြောဆိုလာပါတယ်။

” ဝက်စ်ဟမ်ကနေ ဒီကလန်ရိုက်စ် ထွက်သွားတာ ဝမ်းနည်းစရာပါ။ ကျနော်က သူ အနည်းဆုံး ၂နှစ်လောက်တော့ ဆက်နေဦးမယ် ထင်ထားတာ။ ဒါပေမယ့် သူက အာဆင်နယ်ရဲ့ နောက်ရာသီ မန်စီးတီးကို ကျော်ဖြတ်ဖို့ ကြိုးစားမှုမှာ သေချာပေါက် အဓိက ကျလာလိမ့်မယ်။

မန်စီးတီးကတော့ နောက်ထပ် တစ်ရာသီ ရေပန်းအစားဆုံး အသင်း ဖြစ်ဦးမှာပါ။ ဒါပေမယ့် အာဆင်နယ်က ခေါ်ယူမှုကောင်း တချို့ ပြုလုပ်ထားပြီး သိပ်ကို အင်အားတောင့်လာလိမ့်မယ်။

ကျနေ်ာကတော့ မန်စီးတီးကို အဓိက စိန်ခေါ်မှာက အာဆင်နယ်ပဲ လို့ မြင်ထားတယ်။ သေချာပါတယ်။ ” လို့ ရက်နက်က သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။