သရဲနီမျိုးဆက် ဖြစ်ပေမယ့် စီးတီး ပြောင်းမယ်လုပ်နေတဲ့ ကြယ်ပွင့်လေးကြောင့် အရှက်ကွဲနေတဲ့ မန်ယူအသင်း

ဖလက်ချာရဲ့ သား ဖြစ်တဲ့ သရဲနီမျိုးဆက် စစ်စစ် အသက် ၁၆ နှစ်အရွယ် လူငယ်ခြေတက် ကစားသမားလေး ဟာရစ်ဆင် ပါကားကို မန်စီးတီးက ရတော့မယ်ဆိုတဲ့ သတင်းကြောင့် စီးတီးဟာ မန်ယူ ထက် ဆွဲဆောင်မှုပိုကောင်းတဲ့ အသင်းဖြစ်နေပြီလို့ ပရိသတ်တွေ ပြောလာကြပြီဖြစ်ပါတယ်။

ဟာရစ်ဆင် ပါကားဆိုတာက မန်ယူ ကစားသမားဟောင်း ဖလက်ချာရဲ့ သားတစ်ယောက်ဖြစ်ပြီး လက်ရှိမှာဆိုရင်လည်း မန်ယူအသင်း ရဲ့ အကယ်ဒမီမှာ ရှိနေသူဖြစ်ပါတယ်။

ပင်ကိုပါရမီ ပြည့်ဝတဲ့ နောက်ခံလူ တစ်ယောက်ဖြစ်တဲ့ ပါကားကို မန်ယူအသင်းကြီးဆီ ခေါ်ဖို့အတွက် နည်းပြ အဲရစ်တန်ဟတ်က ကြိုးစားနေတာပါ။

ဒါပေမယ့် ကာယကံရှင် ကစားသမားကတော့ နည်းပြ ဂွါဒီယိုလာရှိတဲ့ မန်စီးတီး အသင်းကိုပဲ အာရုံကျနေတယ်လို့ သိရပြီး လက်ရှိမှာလည်း အပြောင်းအရွှေ့ဖြစ်ဖို့ နီးစပ်နေပြီလို့ ဘောလုံး အပြောင်းအရွှေ့ ဂုရုကြီးဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ သိရပါတယ်။

” အသက် ၁၆ နှစ်အရွယ် ထိပ်တန်း ပါရမီရှင် နောက်ခံကစားသမား ပါကားကို မန်ယူ အသင်းဆီကနေပြီး ခေါ်ဖို့အတွက် မန်စီးတီးဟာ သဘောတူညီမှုရဖို့ တော် တော်လေးကို နီးစပ်နေပါပြီ။

လူငယ်တွေထဲမှာ ပါရမီအမြင့်ဆုံး ဖြစ်နေတဲ့ ပါကားကို မန်ယူက ကမ်းလှမ်းထားပေမဲ့လည်း စီးတီးဟာ ထိပ်တန်း အသင်းကြီး ၄ သင်းကို ဖြတ်ကျော်ပြီး သဘောတူညီမှုရဖို့ နီးစပ်နေတာပါ ” လို့ ရိုမာနိုက တွစ်တာမှာ ပို့စ်တင်ခဲ့တာပါ။

ဒါကြောင့် ကိုယ့်အသင်းမှာ ရှိတဲ့ က စားသမားကိုတောင် မထိန်းနိုင်တဲ့ မန်ယူဟာ မန်စီးတီးလောက်ကို ဆွဲဆောင်မှု မရှိတော့ဘူးလို့ ပရိသတ်တွေက ပြောနေကြတာပဲ ဖြစ်ပါတယ်။

” အခုအချိန် အခါမှာ မန်ယူထက် မန်စီးတီးက ပိုပြီး ဆွဲဆောင်မှု ရှိနေတယ်ဆိုတာ မဖြစ်နိုင်ဘူး ” လို့ ပရိသတ် တစ်ယောက်က ရိုမာနိုရဲ့ ပို့စ်မှာ မှတ်ချက်ပြု ရေးသား ခဲ့ပါတယ်။

နောက်ထပ် တစ်ယောက်ကလည်း ” ငါတို့က ကစားသမား တစ်ယောက်ကို ရောင်းလိုက်တာပါဟ ” လို့ မန်ယူပရိသတ် တစ်ယောက်ကလည်း ရေးသားပါတယ်။

တတိယ တစ်ယောက်ကတော့ ” ကိုယ့်ရဲ့ ပြိုင်ဘက်အသင်း အကယ်ဒမီဆီကို ရောက်သွားမှာ မြင်ယောင်ကြည့်ပါ။ ဘယ်လိုတွေတောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာတုန်း။ အကုန်လုံးကို စိုးမိုးနေတော့တာပဲ ” လို့ ရေးခဲ့ပါတယ်။

နောက် တစ်ယောက်ကလည်း ” စီးတီးကို ပြောင်းဖို့ အတွက် ယူနိုက်တက်ရဲ့ အကြီးမားဆုံး ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်။ ဒီယူနိုက်တက်ကတော့ ပျက်စီးနေပြီ ” လို့ ရေးခဲ့တာပါ။

နောက်ထပ် တစ်ယောက် ကတော့ ဟာသနှောရင်းနဲ့ “မန်ယူက လူငယ်ကစားသမားသမိုင်းမှာ အကြီးမားဆုံး ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းခဲ့ပေမဲ့လည်း။ ရုပ်ပျက်ဆင်းပျက် ယူနိုက်တက်။ တကယ့် အသင်းပဲ “လို့ ရေးခဲ့တာပါ။