ခြေရှုပ်နေတဲ့ ဂရေးလစ်ချ်၊ ဟယ်ရီ ရက်နပ် ဟောကိန်းထုတ်မှု၊ အဲဗာရက်စ်၊ ဟာရစ်ဆန်တို့နဲ့ မန်စီးတီး နောက်ဆုံးရ သတင်းများ

မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဂရေးလစ်ချ်ရဲ့ ချစ်သူ အက်ဝါ့ဒ်တစ်ယောက် အီတလီကို ခရီးထွက်နေစဉ်အတွင်း ဂရေးလစ်ချ်တစ်ယောက် ဗြိတိန်လေကြောင်းလိုင်းမှ အလှပဂေး တစ်ယောက်နဲ့ ပါတီမှာ အတူပျော်ပါးနေတဲ့ ဗီဒီယိုဖိုင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ မန်ယူအသင်းရဲ့ လူငယ်ကြယ်ပွင့်လေး ဟာရစ်ဆင်ကို ခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
နယူးကာဆယ်ကွင်းလယ်လူ ဂူမာရေးစ်က မန်စီးတီးအသင်းဟာ အရမ်းကောင်းမွန်တဲ့ အသင်း ဖြစ်တာကြောင့် သူတို့နဲ့ယှဉ်ပြိုင်ကစားရတဲ့ ပွဲစဉ်ကို မုန်းတီးမိတယ်လို့ ဝန်ခံလိုက်ပါတယ်။
ဝါရင့် နည်းပြဟောင်းကြီး ဟယ်ရီ ရက်နပ်က အင်္ဂလန် ကြယ်ပွင့် ဒီကလန် ရိုက်စ်ကို ခေါ်ယူလိုက်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းကို အနီးကပ် ဖိအားပေး စိန်ခေါ်နိုင်မယ့် အသင်း ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပြု သွားခဲ့ပါတယ်။
လီဗာပူး နောက်ခံလူ အလက်ဇန်းဒါးအာနိုးကမန်စီးတီးကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် ဆိုရင် ၂၀၁၉-၂၀ ရာသီက စွမ်းဆောင်ရည်မျိုးကို ပြသသွားရန် လိုအပ်တယ်လို့ ဆိုလိုက်ပြီး ဒီတလောအသင်းက ရုန်းကန်နေရတယ်လို့ ဝန်ခံသွားပါတယ်။
ဘိုင်ယန်မြူးနစ်က တိုက်စစ်မှူး ဂျူလီယန် အဲဗာရက်စ်ကို စိတ်ဝင်စားနေပေမယ့် မန်စီးတီးက ရောင်းချလိုခြင်း မရှိပါဘူး။အငှားနဲ့ ဆိုရင်လည်း ကစားသမားက ကလပ်ကနေ မခွာလိုဘူး ဖြစ်နေပါတယ်။