အာဆင်နယ် လို ဟာလန်းလည်း ကမ်ကာဒါရှီယန်ရဲ့ အရှုံး ကျိန်စာမိလာမှာကို မန်စီးတီးဖန်များ စိုးရိမ်
မန်စီးတီး ပရိသတ်များဟာ ကမ်ကာဒါရှီယန်နှင့် ဓာတ်ပုံတွဲရိုက်လာတဲ့ တိုက်စစ်မှုး အာလင်း ဟာလန်းမှာ ကမ်ကာဒါရှီယန် ကျိန်စာမိလာမှာ စိုးရိမ်ပူပန်နေကြပါတယ်။
အာလင်းဟာလန်းနှင့် ကမ်ကာဒါရှီယန်တို့ဟာ အီတလီဖက်ရှင်အမှတ်တံဆိပ် Dolce & Gabbana ရဲ့သံတမန်များ ဖြစ်ပြီး မကြာသေးမီတုန်းက ကျင်းပတဲ့ Dolce & Gabbana ရဲ့ ပွဲတွင် ဆုံတွေ့ခဲ့ကြ ပါတယ်။
အာလင်းဟာလန်းနှင့် ကမ်ကာဒါရှီယန်တို့ဟာ Dolce & Gabbana ပွဲတွင် တွေ့ဆုံပြီး ဓာတ်ပုံအတူ ရိုက်ကူးခဲ့ကြပါတယ်။
ဒါကြောင့်လည်း မန်စီးတီးပရိသတ်များဟာ အာလင်းဟာလန်းမှာ ကမ်ကာဒါရှီယန်ကျိန်စာမိလာမည်ကို စိုးရိမ်နေကြပါတယ်။

အသက် ၄၂ နှစ်ရှိ ကမ်ကာဒါရှီယန်ဟာ မတ်လတုန်းက အာဆင်နယ်ရဲ့ပွဲတစ်ပွဲကို အမ်မရိတ်ကွင်းသို့ လာကြည့်ခဲ့ပါတယ်။
သူမ လာကြည့်တဲ့ပွဲတွင် အာဆင်နယ်ဟာ စပို့တင်းလစ္စဘွန်းကို ရှုံးနိမ့်ပြီး ယူရိုပါလိဂ်မှ ထွက်ခွာခဲ့ရသလို ယင်းနောက်ပိုင်းတွင် ပရီးမီးယားလိဂ်တွင်လည်း ရလဒ်ဆိုးများ ဆက်တိုက်ကြုံရကာ ပရီးမီးယားလိဂ် ဖလားရလုနီးပါးဖြစ်ပြီးမှ လက်လွှတ်ခဲ့ရပါတယ်။
ဒါကြောင့်လည်း အာဆင်နယ်ပရိသတ်များဟာ ပရီးမီးယားလိဂ်ဖလား လက်လွှတ်လိုက်ရမှုအတွက် ကမ်ကာဒါရှီယန် ကျိန်စာကို ဝေဖန်အပြစ်တင်ခဲ့ကြပါတယ်။
ယခုအခါ မန်စီးတီးပရိသတ်များဟာ အာလင်းဟာလန်းကိုလည်း ကမ်ကာဒါရှီယန် ကျိန်စာမိလာမှာ စိုးရိမ်နေကြပါတယ်။
တဖက်မှာ အာဆင်နယ်ပရိသတ်များကလည်း အာလင်းဟာလန်းမှာ မကြာမီ ကမ်ကာဒါရှီယန် ကျိန်စာမိလာတော့မယ်လို့ ဟာသလုပ်ကာ ပြောဆိုနေကြပါတယ်။
