စီးတီး တိုက်စစ်သမား မာရက်ဇ် ကို ရဖို့ ပေါင် သန်း ၃ဝ ထိ တိုးပြီး ကမ်းလှမ်းတော့မယ့် ဆော်ဒီကလပ်
July 14, 2023 | No Comments

ဆော်ဒီကလပ် အယ်အာလီ အင်းဟာ မန်စီးတီး တောင်ပံ ကစားသမား ရီရက်မာရက်ဇ် အတွက် ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းမှု လုပ်သွားရန် အသင့် ဖြစ်နေပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ်ဟာ မာရက်ဇ် ကို တစ်နှစ် လုပ်ခလစာ ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းမှု လုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။
အယ်ဂျီးရီးယား လက်ရွေးစင်ဟာ ဒါကို လက်ခံစဉ်းစားလျက် ရှိနေပြီး ဒီအပြောင်းအရွေ့ကို ငြင်းဆိုမှု လုပ်ထားခြင်း မရှိသေးပေမယ့် အီတီဟတ်မှာ ဆက်နေရန် ရွေးချယ်သွားနိုင်ခြေလည်း ရှိနေပါတယ်။ မာရက်ဇ်ဟာ မန်စီးတီးနဲ့ စာချုပ် ၂ နှစ် ကျန်နေပါသေးတယ်။
အသက် ၃၂ နှစ်အရွယ် မာရက်ဇ် အတွက် ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းမှု ဆိုတာ စီးတီး အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှု ဖြစ်ပေမယ့်လည်း မန်စီးတီး အသင်းကတော့ ပွဲထွက် ဦးစားပေး မဟုတ်တောင် တကယ့်ကို အသုံးဝင်လှတဲ့ မာရက်ဇ်ကို ရောင်းချသွားရန် စိတ်အားထက်သန်မှုတော့ မရှိပါဘူး။