ဝေါ်ကာ ကို ခေါ်ချင်တဲ့ ဘိုင်ယန်မြူးနစ် ထံက ပါဗတ် ကို ပြန်တောင်းတော့မယ့် မန်စီးတီးရဲ့ ခြေလှမ်း
မန်စီးတီး နောက်ခံ ကစားသမား ကိုင်လီ ဝေါ်ကာ ဟာ ၎င်းကို ဒီနွေမှာ တောက်လျောက် ချိတ်ဆက်နေတဲ့ ဘိုင်ယန်မြူးနစ် အသင်းအား YES လို့ အဖြေပေး ခေါင်းညှိမ့်ခဲ့ပြီ ဖြစ်ကြောင်း စကိုင်းစပေါ့ သတင်းက ဖော်ထုတ် လာပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဝေါ်ကာရဲ့ တုန့်ပြန်မှုကို စောင့်နေတာ ရက် အတော်ကြာပြီ ဖြစ်ပြီး နောက်ဆုံးမှာတော့ အခုလို မီးစိမ်းပြ လက်ခံခြင်း ခံခဲ့ရတာပါ။
ဝေါ်ကာက သူ့ ဆုံးဖြတ်ချက်ကို ဘိုင်ယန်မြူးနစ် တာဝန်ရှိသူတွေအား အသိပေးခဲ့သလို မန်စီးတီး အသင်းအားလည်း သက်တမ်းတိုးတော့မှာ မဟုတ်ကြောင်း အကြောင်းကြားခဲ့ပါတယ်။
ဒါကြောင့် ဘွန်ဒစ်လီဂါ ကလပ်ဟာ ဝေါ်ကာ အပြောင်းအရွှေ့ အတွက် မန်စီးတီး အသင်းနဲ့ ညှိနှိုင်းတော့မှာ ဖြစ်ပါတယ်။ ဝေါ်ကာရဲ့ မန်စီးတီးနဲ့ လက်ရှိ စာချုပ်က တစ်နှစ်သာ ကျန်ရှိတာ ဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်း + ထပ်ဆောင်းကြေးလောက်နဲ့ အပြောင်းအရွှေ့ ဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။
ဝေါ်ကာ ကို လက်လွှတ်ရရင် အစားထိုးဖို့ အတွက် မန်စီးတီးကလည်း ဘိုင်ယန် နောက်ခံလူ ပါဗတ် ကို ပြန် အလိုရှိနေပြီး ဒီအတွက်လည်း နှစ်သင်းကြား ထည့်သွင်း ဆွေးနွေးကြဖို့ ရှိနေပါတယ်။
အသက် ၃၃ နှစ် အရွယ် အင်္ဂလန်သား ဝေါ်ကာကတော့ လက်ရှိ လပ်စ်ဗီးဂတ်စ်မှာ အားလပ်ရက် ကုန်ဆုံးနေတာ ဖြစ်ပြီး နောက် အပတ်မှာ မန်စီးတီးအသင်းထံ ပြန်လာ ပူးပေါင်းရတော့မှာပါ။
ဘိုင်ယန်က ဝေါ်ကာ အား ကနဦး ၂နှစ် + သက်တမ်းထပ်တိုးခွင့် ၁ နှစ် ပါဝင်တဲ့ စာချုပ် ချုပ်ဆိုမှာ ဖြစ်တယ် လို့လည်း သတင်းတွေ ထွက်ထားပါတယ်။