ဘာနာဒို ဆေးဗားအတွက် ပီအက်စ်ဂျီ ရဲ့ ပွဲဦးထွက် ကမ်းလှမ်းမှုကို မန်စီးတီး ငြင်းဆန်ပယ်ချ
မန်ချက်စတာ စီးတီးအသင်းဟာ ကွင်းလယ်လူ ဘာနာဒိုဆေးဗားအတွက် ပီအက်စ်ဂျီရဲ့ ပထမဆုံး ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်ပါတယ်။
ဆေးဗားဟာ ဆော်ဒီကလပ်တွေနဲ့ ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကိုလဲ ရရှိထားပေမယ့် သူ့ရဲ့ ပထမဦးစားပေး ရွေးချယ်မှုက ပီအက်စ်ဂျီ ကလပ် ဖြစ်နေပြီး ပြင်သစ်ထံ ပြောင်းရွှေ့လိုနေတာ ဖြစ်ပါတယ်။
ဘာနာဒို ဆေးဗားနဲ့ ရင်းနှီးတဲ့မိတ်ဆွေဖြစ်တဲ့ ပီအက်စ်ဂျီ ဘောလုံးအကြံပေး လူးဝစ်ကမ်ပို့စ်က ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ဦးဆောင်ပြုလုပ်ပေးနေတာပါ။
ဒါပေမယ့် ဆေးဗားကို ကလပ်မှာ ဆက်နေအောင် စည်းရုံးဖို့ စီးတီးက မျှော်လင့်ထားဆဲဖြစ်ပြီး ၎င်းရဲ့ စာချုပ်ကို သက်တမ်းတိုးစေချင်နေပါတယ်။
လက်ရှိ စာချုပ်က ၂၀၂၅ မှာ သက်တမ်းကုန်မှာဖြစ်ပြီး ကလပ်အနေနဲ့ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ ပေါ်တူဂီသားကို တွန်းအားပေးဖို့ လိုအပ်နိုင်လောက်ပါတယ်။
မန်စီးတီးဟာ ဒီနွေမှာ ဂွန်ဒိုဂမ်ကို လက်လွှတ်ထားရပြီး ဖြစ်သလို မာရက်ဇ်၊ ဝေါ်ကာ၊ ကန်ဆယ်လို တို့ကိုလည်း လက်လွှတ်ရဖွယ် ရှိနေပြီး ဘာနာဒို ဆေးလ်ဗားကို ထိန်းထားဖို့ ရည်ရွယ်နေပါတယ်။
စီးတီးဟာ ဇူလိုင် ၂၆ ရက်မှာ ၎င်းတို့ရဲ့ ပထမဆုံး ရာသီကြိုခြေစမ်းပွဲအတွက် ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။