အာတီတာ ေရာက္လာျပီးေနာက္ အသင္းမွာ ေပ်ာ္ရႊင္ေနေၾကာင္း ဖြင့္ဟလာတဲ့ ဂန္းနား ခံစစ္မွဴး

အာဆင္နယ္အသင္း ခံစစ္မွဴး ေဒးဗစ္လူး၀စ္က အာတီတာေရာက္လာျပီးေနာက္ အသင္းမွာ အဓိက ကစားသမားအျဖစ္ ပါ၀င္လာရတာ အတြက္ ၀မ္းေျမာက္ ေပ်ာ္ရႊင္ေနေၾကာင္း ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ေဒးဗစ္လူး၀စ္ ဟာ ၿပီးခဲ႔တဲ႔ ေႏြရာသီတုန္းက ခ်ယ္ဆီး အသင္းကေန နည္းျပ အမ္မရီ ရဲ႕ေခၚယူမူနဲ႔ေျပာင္းေရႊ႕လာခဲ႔တာျဖစ္ပါတယ္။ ဒါေပမယ့္ နည္းျပေဟာင္း အမ္မရီ ရဲ႕လက္ထက္မွာ ပြဲထြက္ခြင္႔ သိပ္မရရွိခဲ႔သလို ေကာင္းမြန္တဲ႔ စြမ္းေဆာင္မူေတြ မျပဳလုပ္ႏိုင္ခဲ႔ပါဘူး။ ဒါေပမယ့္ အာတီတာ ေရာက္လာျပီးေနာက္ ပြဲကစားခြင့္ေတြ ျပန္ရလာကာ အသင္း တိုးတက္မႈေတြ ျမင္ေနရတာေၾကာင့္ လူး၀စ္က ေပ်ာ္ရႊင္ေနပါတယ္။

” အာတီတာ ဟာ အသင္းကို ႀကီးမားတဲ႔ပံုစံမ်ိဳးျဖစ္ေအာင္ ျပန္လည္တည္ေဆာက္ေနပါတယ္၊ ကြ်န္ေတာ္ သူ႔ကို တကယ္ယံုၾကည္မူရွိသလို သူ႕ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ အရေရာ၊ အသင္းရဲ႕ အနာဂတ္အတြက္ေရာ ယံုၾကည္ပါတယ္၊ ၿပီးေတာ႔ သူရ႕ဲလမ္းေၾကာင္းတစ္ခုအေပၚမွာ သြားေနရတဲ႔ အေပၚ ကြ်န္ေတာ္ ေပ်ာ္ရႊင္မိပါတယ္၊

ကြ်န္ေတာ္ဟာအေရးပါတဲ႔ ကစားသမားတစ္ဦးအျဖစ္ ဒီမွာ ရွိေနခြင္႔ရလို႔ပါ၊ အခုလို လမ္းေၾကာင္းတစ္ခု အေပၚမွာ ေရာက္ဖို႔ႀကိဳးစားရတာ က ခက္ခဲပါတယ္၊ ဒါေပမယ့္ ကြ်န္ေတာ္တို႔ အေပါင္းလကၡဏာေဆာင္တဲ႔ တိုးတက္မူမ်ိဳးကို ျမင္ရမွာပါ။ ၿပီးေတာ႔ ကြ်န္ေတာ္တို႔ ေပ်ာ္ရႊင္ေနမယ္ဆိုရင္ အသင္းရဲ႕ ပရိတ္သတ္ေတြလည္း ထပ္တူျဖစ္မွာပါ၊

ေဘာလံုးဟာ ကြ်န္ေတာ္႔ရဲ႕ ဘ၀အစိတ္အပိုင္းတစ္ခုလည္းျဖစ္ပါတယ္၊ ကြ်န္ေတာ္တို႔ ျပန္လာႏိုင္ဖို႔အတြက္ အလုပ္ေတြပိုၿပီး ႀကိဳးစားရမယ္ ဆိုတာ သိပါတယ္၊ ဒီကလပ္အသင္းရဲ႕ သမိုင္းေၾကာင္းကိုလည္း ကြ်န္ေတာ္နားလည္ထားပါတယ္၊ ကြ်န္ေတာ္လည္း အေရးႀကီးတဲ႔ ေနရာတစ္ခုကေနၿပီး မီေခးလ္ ကို ကူညီေပးသြားမွာပါ ” လို႔ လူး၀စ္က ဖြင့္ဟခဲ့ပါတယ္။

စပိန္သားဟာ အာဆင္နယ္ အသင္းကို အေျပာင္းအလဲေတြျပဳလုပ္ခဲ႔ၿပီး အသင္းနဲ႔ ကာလရွည္ ပြဲထြက္ခြင္႔ ေပ်ာက္ဆံုးေနတဲ႔ မူစတာဖီ ကိုလည္း ပြဲထြက္ခြင္႔ေပးခဲ႔ပါတယ္။ ဒါ႔အျပင္ အသင္းေျပာင္းဖို႔ ျပင္ဆင္ေနတဲ႔ ကြင္းလယ္လူ အိုေဇးလ္ ကိုလည္း ျပန္လည္အသံုးျပဳခဲ႔ၿပီး အာဆင္နယ္ မွာ ဆက္လက္ရွိေနေစခဲ႔ပါတယ္။

Unicode – အာဆင်နယ်အသင်း ခံစစ်မှူး ဒေးဗစ်လူးဝစ်က အာတီတာရောက်လာပြီးနောက် အသင်းမှာ အဓိက ကစားသမားအဖြစ် ပါဝင်လာရတာ အတွက် ဝမ်းမြောက် ပျော်ရွှင်နေကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဒေးဗစ်လူးဝစ် ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ချယ်ဆီး အသင်းကနေ နည်းပြ အမ်မရီ ရဲ့ခေါ်ယူမူနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြဟောင်း အမ်မရီ ရဲ့လက်ထက်မှာ ပွဲထွက်ခွင့် သိပ်မရရှိခဲ့သလို ကောင်းမွန်တဲ့ စွမ်းဆောင်မူတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အာတီတာ ရောက်လာပြီးနောက် ပွဲကစားခွင့်တွေ ပြန်ရလာကာ အသင်း တိုးတက်မှုတွေ မြင်နေရတာကြောင့် လူးဝစ်က ပျော်ရွှင်နေပါတယ်။

” အာတီတာ ဟာ အသင်းကို ကြီးမားတဲ့ပုံစံမျိုးဖြစ်အောင် ပြန်လည်တည်ဆောက်နေပါတယ်၊ ကျွန်တော် သူ့ကို တကယ်ယုံကြည်မူရှိသလို သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အရရော၊ အသင်းရဲ့ အနာဂတ်အတွက်ရော ယုံကြည်ပါတယ်၊ ပြီးတော့ သူရဲ့လမ်းကြောင်းတစ်ခုအပေါ်မှာ သွားနေရတဲ့ အပေါ် ကျွန်တော် ပျော်ရွှင်မိပါတယ်၊

ကျွန်တော်ဟာအရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ဒီမှာ ရှိနေခွင့်ရလို့ပါ၊ အခုလို လမ်းကြောင်းတစ်ခု အပေါ်မှာ ရောက်ဖို့ကြိုးစားရတာ က ခက်ခဲပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မူမျိုးကို မြင်ရမှာပါ။ ပြီးတော့ ကျွန်တော်တို့ ပျော်ရွှင်နေမယ်ဆိုရင် အသင်းရဲ့ ပရိတ်သတ်တွေလည်း ထပ်တူဖြစ်မှာပါ၊

ဘောလုံးဟာ ကျွန်တော့်ရဲ့ ဘဝအစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်၊ ကျွန်တော်တို့ ပြန်လာနိုင်ဖို့အတွက် အလုပ်တွေပိုပြီး ကြိုးစားရမယ် ဆိုတာ သိပါတယ်၊ ဒီကလပ်အသင်းရဲ့ သမိုင်းကြောင်းကိုလည်း ကျွန်တော်နားလည်ထားပါတယ်၊ ကျွန်တော်လည်း အရေးကြီးတဲ့ နေရာတစ်ခုကနေပြီး မီခေးလ် ကို ကူညီပေးသွားမှာပါ ” လို့ လူးဝစ်က ဖွင့်ဟခဲ့ပါတယ်။

စပိန်သားဟာ အာဆင်နယ် အသင်းကို အပြောင်းအလဲတွေပြုလုပ်ခဲ့ပြီး အသင်းနဲ့ ကာလရှည် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ မူစတာဖီ ကိုလည်း ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ ဒါ့အပြင် အသင်းပြောင်းဖို့ ပြင်ဆင်နေတဲ့ ကွင်းလယ်လူ အိုဇေးလ် ကိုလည်း ပြန်လည်အသုံးပြုခဲ့ပြီး အာဆင်နယ် မှာ ဆက်လက်ရှိနေစေခဲ့ပါတယ်။