ခရိုအေးရှား ခံစစ်မှုးသစ်၊ မာရက်ဇ် နေရာ အစားထိုး ပစ်မှတ်၊ ဘိုင်ယန်ပြောင်းချင်ပြီ ဆိုတဲ့ ဝေါ်ကာနဲ့ မန်စီးတီး အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ စီးတီး အသင်းဟာ ခရိုအေးရှား ခံစစ်မှူး ဂါဗာဒီအော ကို ခေါ်ယူဖို့ ဂျာမန်ကလပ် လိုက်ပ်ဇစ် နဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဂါဗာဒီအော ဟာ မနေ့တုန်းက မန်စီးတီး နဲ့ ပထမအကြိမ် ဆေးစစ်မှု ပြုလုပ် ပြီးစီးခဲ့ပြီး ဒီအပတ် အကုန်မှာ ဒုတိယအကြိမ် ဆေးစစ်မှု ပြုလုပ်သွားဖို့ ရှိနေတယ်လို့ ကြားသိရပါတယ်။

မန်ချက်စတာ စီးတီး တောင်ပံ ကစားသမား မာရက်ဇ် ကတော့ ဆော်ဒီ ကလပ် အယ် အာလီ အသင်းဆီ ကို ပြောင်းရွှေ့ဖို့ အလုံးစုံ သဘောတူညီမှု ရရှိသွားခဲ့ ပါပြီ။ အယ်လ် အာလီ ဟာ မာရက်ဇ် အတွက် ယူရို ၃၅ သန်း နဲ့ အပိုဆုကြေးတွေ ပေးချေရမှာ ဖြစ်ကာ ၂၀၂၇ ခုနှစ် အထိ စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ် ။

မန်စီးတီးကတော့ လက်လွှတ်လိုက်ရတဲ့ မာရက်ဇ် နေရာအတွက် ဘာစီလိုနာ ကစားသမား ရာဖင်ညာ ကို ပြန်ခေါ်ဖို့ ပစ်မှတ်ထားနေပါတယ်။

မန်စီးတီး လူငယ် နောက်ခံလူ ဂျိုရှ့် ဝီလ်ဆင် အက်စ်ဘရန်းဒ် ဟာ ပြင်သစ်လီဂူးဝမ်း ကလပ် ရင်းမ်စ် အသင်းဆီကို တရာသီအငှားနဲ့ ပြောင်းရွှေ့ သွားတော့မယ်လို့ သိရပါတယ်။

ဝေါ်ကာက မန်စီးတီးအသင်း ရှိရာ ဂျပန်သို့ သွားနေပေမယ့် ဘိုင်ယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့ ချင်ကြောင်း နည်းပြ ပက် ဂွာဒီယိုလာအား အသိပေးထားပြီး ဖြစ်ပါတယ်။ ကလပ် နှစ်သင်းကြား သဘောတူညီမှုကတော့ မရသေးပါဘူး။

မန်ယူ တိုက်စစ်မှုးဟောင်း ဝိန်းရွန်းနီက နောက်ရာသီ မန်စီးတီးကို အဓိက စိန်ခေါ်မယ့် ပြိုင်ဘက်က အာဆင်နယ် အသင်း ဖြစ်မယ် လို့ သုံးသပ်သွားပါတယ်။