ယိုကိုဟားမားနဲ့ ခြေစမ်းပွဲမှာ မန်စီးတီး တိုက်စစ်မှုး ဟာလန်း ရခဲ့တဲ့ ဆုကြေးက မယုံနိုင်စရာ ဖြစ်နေ

မနေ့ညနေပိုင်းက ကစားခဲ့တဲ့ ဂျပန်ကလပ် ယိုကိုဟားမားနဲ့ ခြေစမ်းပွဲမှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်း ရရှိခဲ့တဲ့ ဆုကြေးအပေါ် ပရိသတ်တွေ မယုံနိုင်အောင် ဖြစ်နေကြပါတယ်။

မန်စီးတီးအသင်းဟာ ယခုနှစ်နွေရာသီ ရာသီကြိုကာလ ပထမဆုံးခြေစမ်းပွဲအဖြစ် ယိုကိုဟားမားနဲ့ ခြေစမ်း ကစားခဲ့ရာမှာ ၅-၃ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဂျွန်စတုန်း၊ အယ်ဗာရက်ဇ်၊ ရိုဒရီတို့ ဂိုးသွင်းခဲ့သလိုပဲ ဟာလန်းဟာလည်း ထုံးစံအတိုင်း သွင်းဂိုးနှစ်ဂိုး သွင်းယူကာ မန်စီးတီးအသင်းကို ပြတ်သားတဲ့ အနိုင်ရလဒ်တစ်ခု ဖော်ဆောင်ပေးခဲ့ပါတယ်။

ပွဲအပြီးမှာတော့ နော်ဝေတိုက်စစ်မှူးဟာ အဆိုပါပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရခဲ့ပေမယ့် သူရခဲ့တဲ့ ဆုကြေးအပေါ်မှာတော့ ပရိသတ်တွေ ပေါက်ကွဲနေကြပါတယ်။

ဆုကြေးကို အကြီးကြီးရေးထားပေမယ့် တကယ်တမ်းရရှိခဲ့တာက ဂျပန် ယန်း တစ်သန်းတည်းသာ ဖြစ်ပါတယ်။ ဂျပန်ယန်းတစ်သန်းဆိုတာက ဗြိတိန် ပေါင် ၅၄၈၄ နဲ့ ညီမျှတာကြောင့် ပြောပြလောက်စရာ ပမာဏ လို့ ဆိုနိုင်ဖွယ်ရာ မရှိပါဘူး။

ပရိသတ်တစ်ဦးက “အေးပေါ့။ ခုလို ဆုကြေးရတော့လည်း ဟာလန်းမှာ အကြွေပေးစရာရတာပေါ့ကွာ”လို့ ရေးသားခဲ့ပါတယ်။

နောက်တစ်ဦးက “တစ်ပတ်လုပ်ခ ပေါင်၄သိန်းလောက်ရနေတဲ့ ကစားသမားအတွက် ဆုကြေး ပေါင်၅၀၀၀ကျော်ဆိုတာ နည်းလွန်းပါတယ်”လို့ ဆိုပါတယ်။

နောက်တစ်ဦးကလည်း “သူက အဲ့ဒီပိုက်ဆံလောက်ကို နှစ်နာရီတည်းနဲ့ ရှာနိုင်တယ်။ အဲ့ဒီ ဆုကြေးလောက်ကို သူက မှုမှာမဟုတ်ဘူး”လို့ ရေးခဲ့ပါတယ်။