အာတီတာ အခြင့္အေရးေတြ ျပန္ေပးရမယ့္ အသင္းသား နွစ္ဦး အမည္ ထုတ္ေဖာ္ တိုက္တြန္းမႈ
အာဆင္နယ္ အသင္းရဲ႕ ကစားသမားေဟာင္းျဖစ္သူ အီယန္႐ိုက္ က အသင္းရဲ႕ ဝါရင့္ကစားသမားေတြျဖစ္တဲ့ ဇာခါ နဲ႔ မူစတာဖီ တို႔ကို ယခုထက္ပိုၿပီး တိုးတက္အားကိုးရႏိုင္ဖို႔အတြက္ နည္းျပ အာတီတာ အေနနဲ႔ ကိုင္တြယ္ အခြင့္အေရး ေပးရလိမ့္မယ္လို႔ ဆိုသြားခဲ့ပါတယ္။
ဇာခါ ဟာ နည္းျပ အူႏိုင္းအမ္မရီ လက္ထက္မွာတုန္းက အသင္းရဲ႕ ပရိတ္သတ္ေတြအေပၚ က်ဴးလြန္ခဲ့တာနဲ႔ပက္သက္ၿပီး အသင္းေခါင္းေဆာင္ လက္ပတ္ကို အူဘာမီယန္း ဆီလႊဲေျပာင္းေပးခဲ့ရပါတယ္။ ၄င္းက အာဆင္နယ္ အသင္းရဲ႕ကြင္းလယ္မွာ အဓိက အားကိုးရတဲ့ ကစားသမား တစ္ဦးျဖစ္ေပမယ့္ ပရိသတ္ေတြနဲ႕ အခ်င္းမ်ားမႈ ေနာက္ပိုင္း ေျခစြမ္းလည္းက်ဆင္းခဲ့ရသလို ပြဲထြက္ခြင့္ေတြလည္း ဆုံးရႈံးခဲ့ရပါတယ္။
နည္းျပ အာတီတာ သူ ေရာက္လာျပီးေနာက္ ဇာခါကို ပြဲထြက္ခြင့္ျပန္လည္ေပးအပ္ခဲ့ၿပီး ယုံၾကည္မူရရွိေအာင္တည္ေဆာက္ေပးခဲ့ေပမယ့္ အသင္းေခါင္းေဆာင္ ရာထူးကိုေတာ့ ျပန္လည္ လႊဲေျပာင္းခဲ့ျခင္းမရွိပါဘူး။ အလားတူ အာဆင္နယ္ အသင္းရဲ႕ ဝါရင့္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ မူစတာဖီ ဟာလည္း ၿပီးခဲ့တဲ့ ေဘာလုံးရာသီတစ္ခုလုံးမွာ ႐ုန္းကန္ေနခဲ့ရၿပီး ေဝဖန္မူေတြနဲ႔ရင္ဆိုင္ခဲ့ရတာပါ။
မူစတာဖီ ဟာ အာဆင္နယ္ အသင္းဆီကို ေရာက္ခဲ့တဲ့ အေစာပိုင္းႏွစ္ေတြမွာတုန္းက အသင္းအတြက္အားကိုးရတဲ့ ေနာက္ခံလူ တစ္ဦး ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ အာဆင္နယ္ ကစားသမားေဟာင္း အီယန္႐ိုက္ က မူစတာဖီ နဲ႔ ဇာခါ တို႔ကို ပုံမွန္စြမ္းေဆာင္ရည္မ်ိဳးျပန္လည္ရရွိၿပီး အသင္းကိုဦးေဆာင္ႏိုင္ဖို႔အတြက္ နည္းျပအာတီတာ အေနနဲ႔ အကူအညီေပးသြားရမယ္လို႔ ေထာက္ျပသြားခဲ့ပါတယ္။
” အာဆင္နယ္ အသင္းရဲ႕ ဖြဲ႕စည္းပုံအခ်ိဳ႕ကို ေျပာင္းလဲပစ္ရပါမယ္၊ ဇာခါ နဲ႔ မူစတာဖီ တို႔ဟာ စိတ္အားထက္သန္ တဲ့ ကစားသမားေတြပါ။ ပရိတ္သတ္ေတြက ေတာ္ရဲရား ကိုအႀကိဳက္ေတြ႕ၾကပါတယ္၊ ဒါေပမဲ့ ဇာခါ ကို ဒီေနရာျပန္လည္ေပးအပ္ဖို႔သင့္ၿပီး သူနဲ႔ သင့္ေလ်ာ္ပါတယ္၊
မူစတာဖီ ဟာဆိုရင္လည္း အခု ျပန္ကစားတဲ့အခါမွာ ေကာင္းမြန္တဲ့အေနအထားေတြ ေတြ႕ေနရပါၿပီ၊ ၿပီးခဲ့တဲ့ ဘန္ေလ နဲ႔ပြဲမွာၾကည့္ၾကည့္ပါ၊ ဒါေပမဲ့ သူ အေကာင္းဆုံး ျပန္ျဖစ္ေနဖို႔ေတာ့ အခ်ိန္တစ္ခုယူရပါမယ္၊ နည္းျပ အာတီတာ အေနနဲ႔ သူတို႔ကို ခ်ီးက်ဴးမူေတြျပဳလုပ္ၿပီး အခြင့္အေရး ျပန္ေပးမယ္ဆိုရင္ အရင္ထက္ပိုၿပီး တိုးတက္လာႏိုင္ပါတယ္ ” လို႔ ဘီဘီစီ အစီအစဥ္မွာ ရိုက္က သုံးသပ္ေျပာၾကားသြားခဲ့ပါတယ္။
အာဆင္နယ္ အသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ အဆင့္ ၁၀ အထိ ေရာက္ရွိေနၿပီး လာမယ့္ႏွစ္ ခ်န္ပီယံလိဂ္ ဝင္ခြင့္အတြက္ ေတာ္ေတာ္ ႐ုန္းကန္ရေတာ့မယ့္ အေျခအေနမွာ ရွိေနတာ ျဖစ္ပါတယ္။
Unicode – အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ အီယန်ရိုက် က အသင်းရဲ့ ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဇာခါ နဲ့ မူစတာဖီ တို့ကို ယခုထက်ပိုပြီး တိုးတက်အားကိုးရနိုင်ဖို့အတွက် နည်းပြ အာတီတာ အနေနဲ့ ကိုင်တွယ် အခွင့်အရေး ပေးရလိမ့်မယ်လို့ ဆိုသွားခဲ့ပါတယ်။
ဇာခါ ဟာ နည်းပြ အူနိုင်းအမ်မရီ လက်ထက်မှာတုန်းက အသင်းရဲ့ ပရိတ်သတ်တွေအပေါ် ကျူးလွန်ခဲ့တာနဲ့ပက်သက်ပြီး အသင်းခေါင်းဆောင် လက်ပတ်ကို အူဘာမီယန်း ဆီလွှဲပြောင်းပေးခဲ့ရပါတယ်။ ၎င်းက အာဆင်နယ် အသင်းရဲ့ကွင်းလယ်မှာ အဓိက အားကိုးရတဲ့ ကစားသမား တစ်ဦးဖြစ်ပေမယ့် ပရိသတ်တွေနဲ့ အချင်းများမှု နောက်ပိုင်း ခြေစွမ်းလည်းကျဆင်းခဲ့ရသလို ပွဲထွက်ခွင့်တွေလည်း ဆုံးရှုံးခဲ့ရပါတယ်။
နည်းပြ အာတီတာ သူ ရောက်လာပြီးနောက် ဇာခါကို ပွဲထွက်ခွင့်ပြန်လည်ပေးအပ်ခဲ့ပြီး ယုံကြည်မူရရှိအောင်တည်ဆောက်ပေးခဲ့ပေမယ့် အသင်းခေါင်းဆောင် ရာထူးကိုတော့ ပြန်လည် လွှဲပြောင်းခဲ့ခြင်းမရှိပါဘူး။ အလားတူ အာဆင်နယ် အသင်းရဲ့ ဝါရင့်နောက်ခံလူတစ်ဦးဖြစ်တဲ့ မူစတာဖီ ဟာလည်း ပြီးခဲ့တဲ့ ဘောလုံးရာသီတစ်ခုလုံးမှာ ရုန်းကန်နေခဲ့ရပြီး ဝေဖန်မူတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။
မူစတာဖီ ဟာ အာဆင်နယ် အသင်းဆီကို ရောက်ခဲ့တဲ့ အစောပိုင်းနှစ်တွေမှာတုန်းက အသင်းအတွက်အားကိုးရတဲ့ နောက်ခံလူ တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ် ကစားသမားဟောင်း အီယန်ရိုက် က မူစတာဖီ နဲ့ ဇာခါ တို့ကို ပုံမှန်စွမ်းဆောင်ရည်မျိုးပြန်လည်ရရှိပြီး အသင်းကိုဦးဆောင်နိုင်ဖို့အတွက် နည်းပြအာတီတာ အနေနဲ့ အကူအညီပေးသွားရမယ်လို့ ထောက်ပြသွားခဲ့ပါတယ်။
” အာဆင်နယ် အသင်းရဲ့ ဖွဲ့စည်းပုံအချို့ကို ပြောင်းလဲပစ်ရပါမယ်၊ ဇာခါ နဲ့ မူစတာဖီ တို့ဟာ စိတ်အားထက်သန် တဲ့ ကစားသမားတွေပါ။ ပရိတ်သတ်တွေက တော်ရဲရား ကိုအကြိုက်တွေ့ကြပါတယ်၊ ဒါပေမဲ့ ဇာခါ ကို ဒီနေရာပြန်လည်ပေးအပ်ဖို့သင့်ပြီး သူနဲ့ သင့်လျော်ပါတယ်၊
မူစတာဖီ ဟာဆိုရင်လည်း အခု ပြန်ကစားတဲ့အခါမှာ ကောင်းမွန်တဲ့အနေအထားတွေ တွေ့နေရပါပြီ၊ ပြီးခဲ့တဲ့ ဘန်လေ နဲ့ပွဲမှာကြည့်ကြည့်ပါ၊ ဒါပေမဲ့ သူ အကောင်းဆုံး ပြန်ဖြစ်နေဖို့တော့ အချိန်တစ်ခုယူရပါမယ်၊ နည်းပြ အာတီတာ အနေနဲ့ သူတို့ကို ချီးကျူးမူတွေပြုလုပ်ပြီး အခွင့်အရေး ပြန်ပေးမယ်ဆိုရင် အရင်ထက်ပိုပြီး တိုးတက်လာနိုင်ပါတယ် ” လို့ ဘီဘီစီ အစီအစဉ်မှာ ရိုက်က သုံးသပ်ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ် အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၁၀ အထိ ရောက်ရှိနေပြီး လာမယ့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် တော်တော် ရုန်းကန်ရတော့မယ့် အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။