ဂါဗာဒီယော ကို ပေါင် ၈၆ သန်းနဲ့ သဘောတူပြီးမှ မန်စီးတီ ကြံ့ကြာနေလို့ ရာဇသံပေးလာတဲ့ လိုက်ပ်ဇစ်
လက်ရှိ ဘောလုံးလောကရဲ့ လူငယ်မျိုးဆက်သစ် နောက်ခံလူတွေထဲမှာ အကောင်းဆုံးတစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ ယော့ရှ်ကို ဂါဗာဒီယော ကို မန်စီးတီးက ခေါ်ယူဖို့ အတော် ရေပန်းစားနေတာပါ။
ဂါဗာဒီယော အတွက် မန်ချက်စတာစီးတီးအသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့ ပြောင်းရွှေ့ကြေး ပေါင် ၈၆ သန်း (ယူရိုသန်း ၁၀၀)ကို မူအားဖြင့် သဘောတူညီထားပြီးဖြစ်ပေမယ့် အသေးစိတ် ပေးချေမှုတွေကို ဆွေးနွေးရာ မှာတော့ ကြာမြင့်နေပြီး ဇာတ်လမ်းမပြတ်ဘဲ ဖြစ်နေခဲ့ပါတယ်။

ဒီအတွက် ဂျာမန်ကလပ်နဲ့ နည်းပြ မာကို ရိုဆာတို့ဘက်က မန်စီးတီးတို့ကို လာမယ့် ပရီးမီးယားလိဂ် စတင်ချိန် ဩဂုတ် ၁၂ ရက်နေ့ နောက်ဆုံးထား အပြီးသတ် ခေါ်ယူဖို့ နှစ်ပတ်စာ Deadline ကို ချမှတ်ပြီး ရာဇသံပေးသွားခဲ့ပါတယ်။
သူတို့အနေနဲ့ အသင်းခံစစ်ကို တစ်ပတ်နောက်ကျတဲ့ ဘွန်ဒက်စ်လီဂါ မစတင်ခင် ပြန်လည် တည်ဆောက်ရဖို့လည်း ရှိနေသေးတာကြောင့် အမြန်ဆုံး ပွဲပြတ်ချင်နေတာတာပါ။
အပြောင်းအရွှေ့သာ အောင်မြင်ခဲ့ရင်တော့ အသက် ၂၁ နှစ်အရွယ် ခရိုအေးရှား ဗဟိုခံစစ်မှူးဟာ ကမ္ဘာ့ဈေးအမြင့်ဆုံး ပြောင်းရွှေ့ကြေးရှင် နောက်ခံလူ ဖြစ်လာတော့မှာဖြစ်ပါတယ်။
မန်စီးတီးနဲ့ နည်းပြ ဂွါဒီယိုလာတို့ဘက်ကလည်း လိုက်ပ်ဇစ်တို့ထက် မလျော့တဲ့ ဆန္ဒနဲ့ အမြန်ဆုံး ခေါ်ယူလိုနေတာကြောင့် Deadline မတိုင်ခင်တော့ ခေါ်ယူနိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
