ကန်ဆန်လို အဆုံးအဖြတ်၊ ဂါဗာဒီယော၊ ဘာနာဒို ကို လက်လျှော့သွားခြင်းနဲ့ နောက်ဆုံးရ မန်စီးတီး သတင်းများ

ပီအက်စ်ဂျီအသင်းဘက်က မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးဗားကို ခေါ်ယူရေး လက်လျော့လိုက်ပြီ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ကလည်း လိုက်ပ်ဇစ် နောက်ခံလူ ဂါဗာဒီအော ကို စိတ်ဝင်စားနေကြပြီး ကမ်းလှမ်းမှုတွေလည်း အသီးသီး ပြုလုပ်ထားောကာင်း စပိန်သတင်းတွေက ဖော်ထုတ်လာပါတယ်။
ဂါဗာဒီအော ကို မန်စီးတီးက အလေးအနက် ချိတ်ဆက်နေပြီး ပေါင် ၈၆ သန်းနဲ့ သဘောတူညီမှု ရပြီလို့လည်း သတင်းထွက်ထားတာပါ။
ဘာစီလိုနာ ကတော့ ဒမ်ဘီလီ ကို ရောင်းချဖြစ်ခဲ့ ပါက မန်စီးတီး နောက်ခံလူ ကန်ဆယ်လို ကို ခေါ်ယူဖို့ လုံလောက်တဲ့ ငွေကြေး ထောက်ပံ့မှု ရရှိသွားမယ်လို့ သိရပါတယ်။
မန်စီးတီးဘက်ကတော့ ကန်ဆယ်လိုနဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် ချခဲ့ပြီလို့ သိရပါတယ်။ ရာသီကြိုမှာ သေချာ ကြိုးစား အားထုတ်ပြီး စိတ်ဓာတ်ကောင်းနဲ့ နေပြခဲ့တဲ့ ကန်ဆယ်လို ကို ဂွာဒီယိုလာကလည်း ပြန် အမြင်ကြည်ပြီး အသင်းမှာ ဆက်ထားဖို့ လိုလားသွားပါတယ်။
လန်ဒန်မြို့အခြေစိုက် ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဝက်စ်ဟမ်းရဲ့ တာဝန်ရှိသူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ မက် နိုဘယ်က ဒီကလန်ရိုက်စ်ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ အာဆင်နယ်ဟာ ရာသီသစ်မှာ မန်ချက်စတာ စီးတီးကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။