ကွန်မြူနတီဒိုင်း ပွဲမှာ မန်စီးတီးက အာဆင်နယ်ကို ဘယ်လိုအနိုင်ယူမလဲ ChatGPT ရဲ့ အသေးစိတ် ခန့်မှန်းချက်

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ ဒုတိယနေရာ ရခဲ့တဲ့ အာဆင်နယ် အသင်းတို့ဟာ လာမယ့် သြဂုတ်လ ၆ ရက်၊ တနင်္ဂနွေနေ့မှာ ကွန်မြူနတီဒိုင်း ပွဲစဉ် ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်ဟာ ဘယ်လိုတွေ ကစားကြမလဲ၊ ဘယ်ရလဒ် ထွက်လာမလဲ ဆိုတာကို နာမည်ကျော် AI ပလက်ဖောင်း ဖြစ်တဲ့ ChatGPT ကို မေးမြန်းရာ အသေးစိတ်ကို အခုလို ပြန် ဖြေကြားလာတယ် လို့ သိရပါတယ်။

ကွန်မြူနတီဒိုင်း ပွဲစဉ် ပထမပိုင်း

နှစ်သင်းလုံးကတော့ ဘောလုံးရာသီ ပထမဆုံး ဆုဖလား ကို ရယူဖို့ တည်တည်ငြိမ်ငြိမ်နဲ့ ပွဲကို စတင်လာပါတယ်။ မန်စီးတီးကတော့ သူတို့ ကြယ်ပွင့် တိုက်စစ်မှုးကို အားပြုပြီး ကွင်းလယ်ပိုင်း စိုးမိုးမှု၊ ခပ်သွက်သွက် ဘောလုံး ပေးပို့မှုတွေနဲ့ အတူ အာဆင်နယ်ကို အသာစီး ရလာခဲ့တယ်။

အဲဒီနောက် ဘာနာဒို ဆေးလ်ဗားက သူ့ အကွက်တွေကို ထုတ်သုံးပြီး များစွာသော ဂိုးအခွင့်အရေးတွေ ဖန်တီးပေးလာတယ်၊ ဒါပေမယ့်လည်း အာဆင်နယ် ခံစစ်မှာ စိတ်ချရတဲ့ ဝီလျံ ဆာလီဘာ ရှိနေပြီး အမာခံ ဖြတ်ထုတ်ပေးနေတယ်။

သူတို့ရဲ့ ထက်မြက်တဲ့ မန်နေဂျာရဲ့ လမ်းညွှန်မှုကြောင့် အာဆင်နယ်ကလည်း တချက်ချက် မန်စီးတီး ဧရိယာထဲထိ တက်ပြီး တိုက်စစ်ဆင်ကွက်တွေ မြင်ရပါသေးတယ်။ ဆာကာနဲ့ မာတင်နယ်လီ အတွဲက ကောင်တာကနေ တိုက်စစ်ဆင်ပေမယ့် စီးတီး ခံစစ်က ကျစ်ကျစ်လစ်လစ် ပိတ်ဆို့ ကာကွယ်နေပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာတော့ ဘာနာဒို ဆေးလ်ဗား ဟာ ဖိုဒန်ရဲ့ တိကျတဲ့ ဘောလုံး ပေးပို့မှုကနေ အဆုံးသတ်ပြီး မန်စီးတီး အတွက် ဗွေဆော်ဦး ဂိုး စတင် ရယူသွားခဲ့တယ်။ ဘောလုံးက ဂိုးပိုက်ထောင့် အောက်ဘက်ကို လှလှပပ ပြေးဝင်သွားခဲ့တာပါ။

ကွန်မြူနတီဒိုင်း ပွဲစဉ် ဒုတိယပိုင်း

ဒုတိယပိုင်း ပြန်စချိန်မှာတော့ အာဆင်နယ်က စိတ်ပိုင်းဖြတ်ထားတဲ့ ဟန်နဲ့ ပြန်ဝင်လာခဲ့ပါတယ်။ သူတို့က high pressing သုံးလာပြီး ပွဲထဲကို ပြန်လာဖို့ ကြိုးစားလာတယ်။ ဒီကလန်ရိုက်စ် က ကွင်းလယ်ကနေ ပြန် လွှမ်းမိုးအောင် ထိန်းချုပ်လာပြီး ဆာကာနဲ့ ဂျေးဆုကို ထိထိရောက်ရောက် ချိတ်ဆက်ပေးလာတာကြောင့် စီးတီး ခံစစ် အလုပ်များလာပါပြီ။

ဂန်းနားတွေရဲ့ အားထုတ်မှုဟာ ပွဲချိန် ၅၇ မိနစ်မှာတော့ အရာထင်လာခဲ့ပါတယ်။ ထောင့်ကန်ဘောကို အာဆင်နယ် ခံစစ်မှုး ဂါဘရီရယ်လ်က ပါးပါးနပ်နပ် ခေါင်းတိုက်ခဲ့ရာ အီဒါဆန်ကို ကျော်ဖြတ်ကာ ဂိုးဝင်သွားခဲ့ပါတယ်။ အာဆင်နယ် ပရိသတ်တွေကတော့ ဝမ်းသာအားရ ဟစ်ကြွေး အားပေးလာကြပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာ စီးတီးရဲ့ တုန့်ပြန်မှုကတော့ ညက်ညောပြီး အေးဆေးလွန်းပါတယ်။ ပွဲချိန် ၆၄ မိနစ်မှာ ဆေးလ်ဗားက သူ့ရဲ့ trademark ဖြစ်တဲ့ ခံစစ်ကို ကျော်အောင် ဘောလုံး ပေးပို့လိုက်ပြီး ပုံစံကောင်း ရနေတဲ့ တိုက်စစ်မှုး ဟာလန်းက ဂိုးသွင်းယူသွားပါတယ်။ နော်ဝေးသားဟာ ဘောလုံးကို မြေမကျ volley ကန်သွင်းပြီး ဂိုးပိုက်နဲ့ မိတ်ဆက်စေခဲ့တာပါ။

အာဆင်နယ် ဘယ်လိုပဲ ခံ ကစားနေပေမယ့် မန်ချက်စတာ စီးတီးရဲ့ သိသာတဲ့ ကွာလတီနဲ့ အတွေ့ အကြုံတွေ့ တောက်ပလို့ လာပါပြီ။ ပွဲချိန်ရဲ့ အရှိန်အမြင့်ဆုံး အချိန်မှာ စီးတီးက အသင်းလိုက် ရွှေ့ကွက်ကနေ ကိုဗာဆစ်၊ ဖိုဒန် က တဆင့် ဟာလန်းဆီ ထပ်ပေးပို့နိုင်ခဲ့ပြီး ဟာလန်းက အေးအေး ဆေးဆေးပဲ သူ့ရဲ့ ဒုတိယဂိုး ကို သွင်းယူလိုက်ပါတယ်။

အဆုံးမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးက ၃-၁ နဲ့ နိုင်ပြီး ကွန်မြူနတီဒိုင်းကို သိမ်းပိုက် သွားပါတယ်။