ဂါဗာဒီအောအတွက် မန်စီးတီးပေးမယ့် ပြောင်းရွှေ့ကြေးက မက်ဂွဲရားထက် များသလား နည်းသလား
မန်စီးတီးဟာ လိုက်ဇစ် ခံစစ်မှူး ဂါဗာဒီအောကို များပြားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူဖို့ သဘောတူညီခဲ့ပြီဖြစ်ပါတယ်။
မန်စီးတီးဟာ ဒီနွေမှာ ချယ်ဆီးမှ ကိုဗာဆစ် တစ်ဦးတည်းကို ပြန်လည် ခေါ်ယူထားခဲ့တာပါ။ ဂါဗာဒီအောကို ဒုတိယမြောက် ခေါ်ယူမှုအဖြစ် လက်မှတ်ထိုးမှာဖြစ်ပြီး မကြာခင်မှာ စီးတီးဟာ ရာသီသစ်အတွက် လူအင်အားဖြည့်မှုတွေ ဆက်တိုက် မြင်လာရဖို့ ရှိပါတယ်။
အသက် ၂၁ နှစ်အရွယ် ဂါဗာဒီအောအတွက် လိုက်ဇစ်နဲ့ မန်စီးတီးတို့ဟာ ပြောင်းရွှေ့ကြေး ပေါင် ၇၇.၅ သန်း (ယူရို သန်း ၉၀) ဖြင့် သဘောတူညီမှု ရခဲ့ကြတာပါ။ စာချုပ်မှာတော့ နောက်ထပ် ထပ်တိုးကြေးတွေ ပါဝင်သွားမှာ မဟုတ်တာမို့ လိုက်ဇစ် လိုချင်တဲ့ ပေါင် ၈၅ သန်းထက် နည်းခဲ့ပါတယ်။
ဒီပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး မန်စီးတီးဟာ ခံစစ်မှူး တစ်ဦးအတွက် ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေးရခြင်းလား မေးခွန်း ထွက်လာခဲ့ပါတယ်။
ဂါဗာဒီအောအတွက် စီးတီးပေးရတာဟာ ဗန်ဒိုက်ကို လီဗာပူး ခေါ်ယူခဲ့တဲ့ ပေါင် ၇၅ သန်းထက် များပေမယ့်လို့ ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် ခံစစ်မှူးရှင်းဖြစ်တဲ့ မက်ဂွဲရားကို လက်စတာကနေ ခေါ်ယူစဉ် ယူနိုက်တက် ပေးခဲ့ရတဲ့ ပေါင် ၈၅ သန်းထက်တော့ ပိုနည်းပါတယ်။
ဒီနွေမှာ စီးတီး အင်အားဖြည့်မယ့် နေရာတွေက ခံစစ်အပြင် တိုက်စစ်လည်း ပါဝင်နေပြီး ဆော်ဒီလိဂ်ထံ ပြောင်းသွားတဲ့ မာရက်ဇ်နေရာ အစားထိုးဖို့ ရှာဖွေလိုနေတာပဲ ဖြစ်ပါတယ်။