မန်စီးတီး v အာဆင်နယ်ရဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ဘယ်လို ရလဒ် ထွက်ပေါ်မလဲ ပွဲကြို ခန့်မှန်းချက်

ဒီတပတ် တနင်္ဂနွေနေ့ည ဝင်ဘာလေကွင်းကြီးမှာ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ် အသင်းတို့ဟာ ကွန်မြူနတီဒိုင်းပွဲ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီပြိုင်ပွဲအတွင်း ကလပ်ရဲ့ ဆိုးဝါးတဲ့ စံချိန်မှတ်တမ်းကို ချိုးဖျက်ဖို့ ကြိုးစားရမှာပါ။ ဒီနှစ်ဟာ ဂွာဒီယိုလာ အသင်းရဲ့ ၃နှစ်ဆက်တိုက် ကွန်မြူနတီဒိုင်း ပွဲစဉ် ကစားရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက လီဗာပူးကို ၃-၁ နဲ့ အရေးနိမ့်ခဲ့သလို ၂၀၂၁ တုန်းကလည်း လက်စတာကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မန်စီးတီးဘက်မှာ တစ်ဦးတည်းသော ဒဏ်ရာ ရှိထားသူဟာ ကီဗင် ဒီဘရိုင်း ဖြစ်ပြီး ဇွန်လ ချန်ပီယံလိဂ် ဖိုင်နယ် မှာ ရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဘက်မှာ တိုက်စစ်မှုး ဂျေးဆု ဒဏ်ရာ ရှိနေပြီး သီတင်းပတ် အနည်းငယ် နားရမှာဖြစ်ကာ ဇင်ချန်ကို မပါနိုင်သေးပါဘူး။

ဒီပွဲစဉ်အတွက် လန်ဒန် အခြေစိုက် Evening Standard သတင်းဌာနရဲ့ ပွဲသုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းချက် ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

မန်စီးတီးကို ရင်ဆိုင်ရဖို့ ဆိုတာ ခက်ခဲတဲ့ ကိစ္စပါ။ သူတို့က အမြဲ သွက်လက် ဟန်ချက်ညီနေတဲ့ အသင်း မဟုတ်ပေမယ့် အခုထိ ပြိုင်ဘက်တွေ ရင်ဆိုင်ရ ခက်နေတဲ့ အသင်း ဖြစ်နေတယ် ဆိုတာ အရည်အသွေးကောင်းတွေ ရှိနေလို့ပါပဲ။

တဖက်မှာ မန်စီးတီးရဲ့ ကွန်မြူနတီဒိုင်း မှတ်တမ်းဆိုးနဲ့ အာဆင်နယ် အင်အားတောင့်လာခြင်းကလည်း ဒီပွဲမှာ ခြားနားမှု ဖြစ်သွားနိုင်ပါတယ်။

ရလဒ် ခန့်မှန်းချက်။ ။ မန်စီးတီး ၂-၁ အာဆင်နယ်