ဝင်ဘာလေမှာ မန်စီးတီးကို အာဆင်နယ် နိုင်မယ် လုပ်နေတဲ့ ပေါမာဆန်ရဲ့ ကွန်မြူနတီဒိုင်းပွဲ ခန့်မှန်းချက်

မနက်ဖြန် တနင်္ဂနွေနေ့ ည ၉ နာရီခွဲ အချိန်၊ ဝင်ဘာလေ ကွင်းကြီးမှာ မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ဟာ ကွန်မြူနတီဒိုင်းပွဲ ယှဉ်ပြိုင်ကစားကာ ဖလားလုကြတော့မှာပါ။

ဒီပွဲစဉ် အတွက် ဝါရင့် သုံးသပ်ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

” ဘောလုံးရာသီရဲ့ အစ ဖြစ်တဲ့ ဒီပွဲစဉ်ကို အရေးကြီး ပွဲစဉ် အဖြစ် သတ်မှတ်ကြသူတွေထဲမှာ ကျနော်လည်း ပါ ပါတယ်။ ဘောလုံးရာသီ အစောပိုင်း တစ်လခွဲလောက် အတွင်း ချန်ပီယံ လမ်းကြောင်း ကနေ ခြေချော် သွားခဲ့တဲ့ အသင်းတွေလည်း ရှိပါတယ်။ အာဆင်နယ် အနေနဲ့ ရာသီအစကို ကောင်းကောင်း တာထွက်ပြီး သူတို့ရဲ့ စိတ်ပိုင်း ဖြတ်မှုကို ပြသနိုင်ရမှာပါ။

ပြီးခဲ့တဲ့ ၅နှစ်ကျော်မှာ မန်ချက်စတာစီးတီးရဲ့ အကြီးဆုံး အားသာချက်က သူတို့ အသင်း လူအင်အားပါပဲ။ ဒီနွေမှာ ဂွမ်ဒိုဂန်၊ မာရက်ဇ်တို့နဲ့ လမ်းခွဲပြီး ပြန် မဖြည့်ရသေးတဲ့ စီးတီး အတွက် ဒီပွဲက စွန့်စားမှုကြီး တစ်ခု ဖြစ်နိုင်ပါတယ်။

အာဆင်နယ် အနေနဲ့လည်း ဒီရာသီမှာ အရင်နဲ့ မတူတဲ့ မျှော်လင့်ချက်နဲ့ ဖိအားတွေကို ရင်ဆိုင်ရပါမယ်။ အာဆင်နယ် က ဈေးကွက်ထဲမှာ အတော် လှုပ်ရှားပြီး အသင်း လူအင်အားကို ဖြည့်တင်းထားပါတယ်။

ပြီးခဲ့တဲ့ ရာသီ ဥရောပပွဲရဲ့ အုပ်စု အဆင့်တွေမှာ အာဆင်နယ်က သူတို့ရဲ့ အားအကောင်းဆုံး လူစာရင်းကို ပွဲထုတ်ခဲ့ရတယ်။ ရှုံးထွက် အဆင့်တွေမှ ကစားသမား တချို့ အနားပေးခဲ့ပြီး အဲဒီကနေ ပြိုင်ပွဲက ထွက်ရတော့တာပဲ။ အခုတော့ လူသစ်တွေ ခေါ်ယူပြီး အင်အားဖြည့်ထားပြီ။

ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အဆင့် ၄ ထဲ ဝင်မယ်လို့ ထင်ခဲ့ကြသူတောင် အတော် နည်းခဲ့တာပါ။ ဒီရာသီတော့ မတူတော့ဘူး၊ သူတို့အပေါ် မျှေ်ာလင့်ချက်တွေ အတော် များများ ရှိလာကြပြီး ပြီးခဲ့တဲ့ ရာသီက ကစားသမား တော်တော် များများကလည်း အာဆင်နယ် အတွက် မယုံနိုင်စရာတွေ လုပ်ပြခဲ့တယ်။ အဲဒီလို ကွာလတီမျိုး ထပ် လုပ်ပြဖို့ တောင်းဆိုရတာတော့ တကယ့် ကိစ္စကြီး ဖြစ်မယ်။

ဒီ ကွန်မြူနတီ ဒိုင်းပွဲက စီးတီးထက် အာဆင်နယ် အတွက် ပိုပြီး အရေးကြီး ပွဲ ဖြစ်ပါလိမ့်မယ်။ ကျနော်ကတော့ ဒီပွဲမှာ အာဆင်နယ် အနိုင်ဘက်က ရှိချင်တယ်။ ” လို့ မာဆန်က ခန့်မှန်းထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် ၂-၁ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။