မန်စီးတီးကို နိုင်လိုက်လို့ အာဆင်နယ်မှာ ပိတ်နေတဲ့ အဟန့်အတားကြီး မရှိတော့ဘူးလို့ ရမ်စ်ဒယ်

ကွန်မြူနတီဒိုင်း ပြိုင်ပွဲမှာ အာဆင်နယ်နဲ့ မန်စီးတီးတို့ဟာ မိနစ် ၉၀ သရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် ပင်နယ်တီမှာ ဂန်းနားတို့က ပြတ်ပြတ်သားသား ရလဒ်ဖြင့် အနိုင်ရသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ အကောင်းဆုံး ကာကွယ်မှုတွေ လုပ်ခဲ့သလို ပင်နယ်တီ အဆုံးအဖြတ်အတွင်း ရိုဒရီရဲ့ ကန်ချက်ကို ကာကွယ်ခဲ့တဲ့ ရမ်းစ်ဒယ်ကတော့ အခုဆိုရင် အာဆင်နယ်အသင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အဟန့်အတားကြီး တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ပြောလာခဲ့ပါတယ်။

ရမ်းစ်ဒယ်က ဖွင့်ဟရာမှာ “ ဒီအနေအထားအတွက် ကျနော်တို့ ကြိုးစားထားခဲ့တယ်။ ၂ ရာသီလောက်ကို ကျနော်တို့ အားထုတ်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေတုန်းက ကံမကောင်းခဲ့ပေမယ့် ဒီနေ့ ကျနော်တို့ ကြိုးစားနိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲက လာမယ့် ဘောလုံးရာသီအတွက် ဘာအဓိပ္ပာယ်ဖြစ်မလဲ ကျနော် မသေချာပါဘူး။ စီးတီးက ဘောလုံးရာသီ စတင်တာ အနည်းငယ် နောက်ကျနေတယ်။ ကျနော်တို့အတွက်ကတော့ သတိပေးနိုင်ခြင်းပါပဲ။ အရေးကြီးတဲ့ ပွဲကြီးတွေမှာ မန်စီးတီးကို ရင်ဆိုင် အနိုင်ယူနိုင်တယ်ဆိုတာ ကျနော်တို့ သိသွားကြပါပြီ။

ဒီရာသီမှာ မန်စီးတီးကို အနိုင်ယူနိုင်မလား မသေချာပါဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပိတ်ပင်ခံထားရမှုက ကျိုးပျက်သွားပါပြီ။ အခုကစပြီး ကျနော်တို့ တွန်းအားပေးဖို့ အဆင်သင့် ဖြစ်နေပါတယ် ” လို့ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ ရေပန်းအစားဆုံး ၂ သင်းထဲက တစ်သင်းအဖြစ် မှန်းဆခံလာရပြီ ဖြစ်ပါတယ်။