ဘာနာဒိုနဲ့ ကန်ဆယ်လို ကို တပြိုင်နက်တည်း ခေါ်ဖို့ ကမ်းလှမ်းမှု ၂ ခု လုပ်လာတဲ့ ဘာစီလိုနာ အသင်း

လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ ဘာနာဒိုဆေးဗားနဲ့ ကန်ဆယ်လိုတို့အတွက် မန်ချက်စတာစီးတီးထံ ပူးတွဲ အငှား ကမ်းလှမ်းမှုတစ်ခု ပေးပို့ခဲ့ပါတယ်။

မန်စီးတီးကြယ်ပွင့်နှစ်ယောက်လုံးကို လိုချင်နေတဲ့ ဘာစီလိုနာ အသင်းဟာ ဒီနွေမှာ ရည်မှန်းချက် ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခုလုပ်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး နှစ်ယောက်လုံးအတွက် တခါတည်း ကမ်းလှမ်းမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒမ်ဘီလီနဲ့ ပီအက်စ်ဂျီတို့ သဘောတူညီမှုရထားတဲ့ သတင်းတွေထွက်လာပြီးနောက် ဘာစီလိုနာဟာ ပြင်သစ်သားနေရာမှာ အစားထိုးဖို့ တောင်ပံကစားသမားကောင်းတစ်ယောက် ရှာဖွေနေခဲ့တာပါ။

ညာတောင်ပံနေရာအတွက် ဘာနာဒိုက အသင့်တော်ဆုံးခေါ်ယူမှုဖြစ်မယ်လို့ ဇာဗီက တွေးထားတာပါ။
စီးတီးထံ သူတို့ရဲ့ ကမ်းလှမ်းမှုဟာ လာမယ့်ရာသီကုန်မှာ ဘာနာဒိုကို ယူရိုသန်း၇၀ နဲ့ အပြီးသတ်ဝယ်ယူခွင့် ပါဝင်တယ်လို့ သိရပါတယ်။

ကန်ဆယ်လိုကတော့ ကစားချိန်ပိုလိုချင်လို့ အသင်းကနေ ထွက်ချင်နေတာကြောင့် သူ့ရဲ့ အငှား အပြောင်း အရွှေ့က ဖြစ်နိုင်ပေမယ့် စီးတီးဟာ မာရက်ဇ်ကို ဒီနွေအတွင်း ဆုံးရှုံးထားရပြီးဖြစ်လို့ ဘာနာဒိုကို ထွက်ခွာခွင့်ပြုဖို့ မဖြစ်နိုင်လောက်ပါဘူး။

ဘာနာဒိုဟာ ဘာစီလိုနာ အတွက် ကစားပေးရဖို့ အမြဲ အိမ်မက် မက်ထားခဲ့ဖူးပေမယ့် စီးတီးကတော့ သူ့ကို ထွက်ခွာခွင့် မပေးဘူး ဆိုတာ အသိပေးထားခဲ့တာ ဖြစ်ပါတယ်။