မန်စီးတီး လာမယ့်နှစ် ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်ဘူး လို့ ပြောလာတဲ့ သရဲနီ တိုက်စစ်မှုးဟောင်း

မန်ယူ တိုက်စစ်မှုးဟောင်း ဘာဘာတော့ဗ် က လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ က မန်စီးတီး ဖြစ်မှာ မဟုတ်ဘဲ တခြားအံ့အားသင့်ဖွယ် ၂ သင်း ဖြစ်နိုင်မယ် လို့ ပြောဆို ရွေးချယ်လိုက်ပါတယ်။

မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ ၆ နှစ်တာ အတွက် ၅ ကြိမ် ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲထားပေမယ့် ဘာဘာတော့ဗ် ကတော့ စီးတီး ဒီရာသီတော့ လွဲမယ် လို့ ယူဆထားပါတယ်။ စီးတီးနဲ့ အကောင်းဆုံး ယှဉ်နိုင်နေတဲ့ အာဆင်နယ် ကိုလည်း ၎င်းက ချန်လှပ်ထားခဲ့ပါတယ်။

ဘာဘတော့ဗ် ရွေးချယ်ခဲ့တာတော့ သူ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ ဥရောပပွဲ ကန်ရဖို့ မရှိတဲ့ ချယ်ဆီး အသင်း တို့ ဖြစ်ပါတယ်။

” ကစားသမားဟောင်းတွေ ဆိုတာကတော့ သူ့ အသင်းဟောင်းတွေဘက် နည်းနည်းတော့ ဘက် လိုက်ပါတယ်။ ဒီတော့ ကျနော်လည်း မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပြန် ရယူသွားနိုင်မယ် လို့ ထင်နေတယ်။ ဒီတခါတော့ မန်စီးတီး လို့ မပြောချင်တော့ဘူး။

ယူနိုက်တက်ကို ပြန် ဗိုလ်စွဲစေချင်နေပြီ။ ကျနော်ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ ဟာ မန်ချက်စတာ ယူနိုက်တက် မဟုတ်ရင် ချယ်ဆီး လို့ပဲ ထင်တယ်။

ချယ်ဆီး အသင်းရဲ့ underdog အနေအထားကို ကျနော် သဘောကျတယ်။ အထူးသဖြင့် သူတို့ ဘာတွေ လုပ်ပြနိုင်မလဲ မှန်းမရတဲ့ အခါမျိုးပေါ့။ ပိုချက်တီနို ကို နည်းပြ တစ်ယောက် အနေနဲ့ ကျနော် သဘောကျတယ်။ သူ အင်္ဂလန်မှာ ဆုဖလား ယူတာလည်း မြင်ချင်မိတယ်။

ချယ်ဆီးကတော့ အားလုံးကို ဆပ်ပရိုက် တိုက်သွားနိုင်ပါတယ်။ သူတို့ ပိုချက်တီနို ရောက်လာပြီး ရာသီကြိုမှာ ကစားတာလည်း ကောင်းနေတယ်။ လူသစ်တွေကလည်း ယုံကြည်မှု ရနေပြီး အမှား လုပ်မိမှာ ကြောက်နေတာမျိုး မတွေ့ရဘူး။ ချယ်ဆီး က ပရီးမီးယားလိဂ် စိန်ခေါ်နိုင်မယ်လို့ ကျနော် မြင်ယောက်နေတယ်။

အာဆင်နယ် အနေနဲ့က တာဝန်ကြီးတွေ ရှိထားတယ်။ ပရီးမီးယားလိဂ်ကို လပေါင်းများစွာ ဇယားထိပ်မှာ ဦးဆောင်ခဲ့ပြီး ချန်ပီယံ မဖြစ်ခဲ့ဘူး။ ပရီးမီးယားလိဂ်မှာက ဒါမျိုး ဖြစ်တတ်တာပဲ။” လို့ ဘာဘာတော့ဗ်က သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။