ခက်ပေမယ့် စီးတီး နိုင်မှာပါ ဆိုတဲ့ ပေါမာဆန်ကြီးရဲ့ ဒီည ဘန်လေနဲ့ မန်စီးတီး ပွဲစဉ်အတွက် သုံးသပ်ခန့်မှန်းချက်
ဒီနေ့ညမှာ ၂၀၂၃-၂၄ ဘောလုံးရာသီသစ် ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် ဘန်လေနဲ့ မန်ချက်စတာ စီးတီး အသင်းတို့ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။
ဘောလုံးပွဲ သုံးသပ်ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ ဘန်လေ – မန်စီးတီး ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
” ဒီဘရိုင်း မပါနိုင်ရင် မန်စီးတီးက မတူညီတဲ့ အသင်း တစ်သင်း ဖြစ်သွားသလိုပါပဲ။ အာဆင်နယ်နဲ့ ပွဲမှာ မန်စီးတီး ကစားတာ ကျနော် ကြည့်ခဲ့တယ်။ အကန်ဂျီကို နောက်ခံလူ တစ်ယောက် အနေနဲ့ သဘောကျပေမယ့် ဘယ်စွန် ခံစစ်မှာ ကစားတာကိုတော့ သိပ် မကြိုက်ပါဘူး။
ကိုဗာဆစ်က ကွင်းလယ် ဘယ်ခြမ်းကနေ ဘောလုံး ဖြတ်ထုတ်နေတော့ ဂလေးလစ်ချ်က ဘောလုံးတောင် သိပ် မထိရဘူး။ ဒီ ပြသနာကို ပက် ဂွာဒီယိုလာ ဘယ်လို ဖြေရှင်းမလဲ စိတ်ဝင်စား စရာပါပဲ။
စီးတီးက ကွန်မြူနတီဒိုင်းပွဲမှာ အခွင့်အရေးတွေ အများကြီး မဖန်တီးနိုင်ခဲ့ဘူး၊ အာဆင်နယ် ခံစစ် ကောင်းခဲ့တာလည်း ပါတာပေါ့။ ဘန်လေရဲ့ ခံစစ်ကလည်း ဒီလိုပဲ အထင်ကြီးစရာ လုပ်ပြနိုင်ဖို့ ကျနော် မျှော်လင့်ထားတယ်။
ဒီနှစ် title race ကတော့ ဘယ်လို ဖြစ်မယ့် ကံသေကံမ ပြောလို့ မရတော့ပါဘူး။ မန်ချက်စတာ စီးတီး အနေနဲ့ သူတို့ ချန်ပီယံဘွဲ့ ကို ကာကွယ်ဖို့ အတော် ခက်ပါလိမ့်မယ်။ ဒီပွဲကလည်း စီးတီး အတွက် ခက်ခဲမှာပါ။ ဒါပေမယ့် ဒီအပတ်တော့ ဘန်လေကို သူတို့ ကျော်ဖြတ်နိုင်သင့်ပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ပေါမာဆန်ကြီး ရဲ့ ခန့်မှန်း ရလဒ်ကတော့ ဘန်လေ ဝ-၂ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။ ပွဲကတော့ ဒီနေ့ည/ စနေနေ့ နံနက် ၁ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။