ငွေ မရှိပေမယ့် ပက် အရိပ်အခြည် ကြည့်ပြီး ကန်ဆယ်လို အတွက် ပြန်ချဉ်းကပ်လာတဲ့ ဘာစီလိုနာ

မန်စီးတီးရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ဖြစ်တဲ့ တန်းတက် ဘန်လေအသင်းကို အဝေးကွင်းမှာ ၃ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ကန်ဆယ်လိုဟာ မန်စီးတီးရဲ့ အရန်လူစာရင်းမှာ‌တောင် ပါဝင်ခဲ့ခြင်းမရှိတာကြောင့် ဘာစီလိုနာက ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ တဖန်ပြန်လည်ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ရာသီက ပပ်ဂွါဒီယိုလာရဲ့ မျက်နှာသာပေးခြင်းကိုမခံခဲ့ရဘဲ ဒုတိယရာသီဝက်မှာ ဘိုင်ယန်မြူးနစ်သို့ အငှားနဲ့ သွားရောက်ကစားခဲ့ရတဲ့ အသက်-၂၉ နှစ်အရွယ်ကစားသမားဟာ မန်စီးတီးနဲ့ အနာဂတ်က မသေချာ မရေရာတဲ့အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ရေး အစီအစဉ်များ ပြုလုပ်နေစဉ် နည်းပြဂွါဒီယိုလာနဲ့ အချေအတင်ဖြစ်ပြီး ကလပ်မှ အံ့အားသင့်ဖွယ် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

ယခုအခါမှာလည်း ကန်ဆိုလိုဟာ အသင်းရဲ့လူစာရင်းမှာပါဝင်ခဲ့ခြင်းမရှိတာကြောင့် ဘာစီလိုနာအနေနဲ့ ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ချိတ်ဆက်ပြီး ခေါ်ယူဖို့ တဖန်ပြန်လည်ကြိုးစားလာခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနဲ့ ၂၀၂၇ မှစာချုပ် ကုန်ဆုံးမှာဖြစ်သော်လည်း နနည်းပြဇာဗီက စိတ်ဝင်စားမှုတွေရှိတောကြောင့် မကြာမီရက်ပိုင်းအပိုင်း အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်ချေရှိတယ်လို့ ရိုမာနိုက အခိုင်အမာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဘာစီလိုနာက ကန်ဆယ်လိုကို စိတ်ဝင်စားနေမှုမှာ ကာလအတန်ကြာရှိနေခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ မေလကတည်းက အငှားနဲ့ခေါ်ယူဖို့ ဆွေး‌နွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းက ဆိုပါတယ်။

၂၀၁၉ ခုနှစ်မှာ ပေါင် ၂၇ ဒဿမ ၄ သန်းနဲ့ မန်စီးတီးသို့ပြောင်းရွှေ့လာခဲ့တဲ့ ကန်ဆယ်လိုဟာ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံ ၂၁ ပွဲပါဝင်ကစားပေးခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ ဘွန်ဒက်လီဂါဖလားကို ဆွတ်ခူး ရရှိအောင်ကူညီပေးနိုင်ခဲ့ပါတယ်။

ကစားသမားဟာ ယခုနွေရာသီရာသီကြိုကာလမှာ မန်စီးတီးအတွက် ခြေစမ်းပွဲစဉ် ၃ ပွဲအထိ ပါဝင် ခဲ့သော်လည်း ယနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ခဲ့တဲ့ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အသင်းလူစာရင်းမှချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။