ရီကိုလူးဝစ် သက်တမ်းတိုးခြင်း၊ နည်းပြ အဖွဲ့ဝင်သစ်၊ ပါကွီတာ၊ ဘာနာဒို၊ အင်အားအနည်းဆုံး အသင်းနဲ့ မန်စီးတီး ထူးခြား သတင်းများ
မန်စီးတီးအသင်းရဲ့ အသက် (၁၈) နှစ် အရွယ် လူငယ် ကစားသမား ရီကိုလူးဝစ်ဟာ အသင်းနဲ့အတူ (၂၀၂၈) ခုနှစ်အထိ ရှိစေမယ့် စာချုပ်သစ် တစ်ရပ် သက်တမ်း တိုး ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
မန်စီးတီး အသင်းဟာ ဆီဗီးလား နဲ့ မာဆေး အသင်းတွေမှာ လက်ထောက်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အိုင်နီဂို ဒိုမင်ဂွက် ကို အသင်းကြီး နည်းပြအဖွဲ့ဝင်အဖြစ် ခေါ်ယူခန့်အပ် သွားပါတယ်။
ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား ပါကွီတာ အတွက် မန်စီးတီးက ဒုတိယအကြိမ် ကမ်းလှမ်းမှု လုပ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပြီး ပထမအကြိမ် ကမ်းလှမ်းခဲ့တဲ့ ပေါင် သန်း ၇ဝ ထက်တော့ ပိုများတဲ့ ပမာဏ ဖြစ်မယ် လို့ သိရပါတယ်။
ဘရာဇီးသား ကွင်းလယ်သမား အတွက် ဝက်စ်ဟမ်းကတော့ ပေါင် သန်း ၈ဝ လောက် အလိုရှိနေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးဗားကို ခေါ်ယူလိုပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ ကလပ်ထံက အားကောင်းတဲ့ ငြင်းဆန်မှုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
မန်စီးတီးနဲ့ ဘာစီလိုနာတို့ဟာ ကန်ဆယ်လို အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးနေပေမယ့် အပြီးသတ် သဘောတူညီမှု မရသေးတာကြောင့် နောက်အပတ်ထိ ဆက်လက် ညှိနှိုင်းရဖွယ် ရှိပါတယ်။
လက်ရှိ မန်စီးတီး အသင်းဟာ ကစားသမားသစ် ခေါ်ယူအားဖြည့်ဖို့ လိုအပ်ချက်တွေ ရှိနေပြီး ပက် ဂွာဒီယိုလာ လက်ထက် အင်အား အနည်းဆုံး စီးတီး အသင်း ဖြစ်နေတယ်လို့ ပရိသတ်တွေ ထံက သတိပေးမှုတွေ ထွက်ပေါ်နေပါတယ်။