ခွဲစိတ်မှု ခံယူရမှာကြောင့် ၂၀၂၄ ထိ ရောက်သွားနိုင်တဲ့ မန်စီးတီး ကွင်းလယ်သမား ဒီဘရိုင်းရဲ့ ဒဏ်ရာ
မန်စီးတီး ကွင်းလယ် ကစားသမား ကီဗင် ဒီဘရိုင်း ဟာ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူသွားရမှာဖြစ်တာကြောင့် ၂၀၂၃ နှစ်ကုန်တဲ့အထိ လွဲချော်နိုင်တယ်လို့ ဘယ်လ်ဂျီယမ်က သတင်းတွေ အရ သိရပါတယ်။
ဒီဘရိုင်း ဟာ ဘန်လေကို အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့ သောကြာနေ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ် ပထမပိုင်းမှာ ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရခဲ့ဖူးတဲ့ ဒဏ်ရာဟောင်းပဲ ထပ်မံ ရရှိခဲ့တာ ဖြစ်ပါတယ်။
Nieuwsbald Sport ရဲ့ ဖော်ပြချက်အရ မန်စီးတီးကွင်းလယ်ဖန်တီးရှင်ဟာ ကာလရှည် အနားယူရဖွယ် ရှိတယ်လို့ သိရပြီး ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူမယ်ဆိုရင် အစောဆုံး ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်း မှသာ ပြန်လည် သက်သာလာနိုင်တယ်လို့ သိရပါတယ်။

မန်ချက်စတာစီးတီး အသင်းဘက်က ဒီဘရိုင်းနားရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ရခြင်း မရှိသေးပေမယ့် ကစားသမားအတွက် ခွဲစိတ်ကုသမှုခံယူခြင်းက အကောင်းဆုံးအဖြေ ဖြစ်နိုင်ပါတယ်။
နည်းပြ ဂွါဒီယိုလာက ဘယ်လ်ဂျီယမ်ကြယ်ပွင့်အနေနဲ့ တံကောက်ကြောဒဏ်ရာကို ကုသဖို့ ခွဲစိတ်ကုသမှု ခံယူသွားမှာဖြစ်တယ်လို့ အတည်ပြုပြောကြားထားပါတယ်။
ဂွါဒီယိုလာက ဒီဘရိုင်းနားအနေနဲ့ ၃ လ၊ ၄ လလောက်အထိ လွဲချော်နိုင်တယ်လို့ စူပါကပ် ဖလား ပွဲ မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့တာပါ။
ဒီသတင်း ပက် အတွက်တော့ သတင်းဆိုး ဖြစ်ပြီး မန်စီးတီးဟာ ဘယ်လ်ဂျီယမ်ကြယ်ပွင့်မပါဝင်နိုင်ချိန်မှာ ဂန်းနားတွေကို ယှဉ်နိုင်ဖို့ အလွန်အားနည်းတယ်ဆိုတာကို ကွန်မြူနတီဒိုင်းလုပွဲမှာတုန်းက ပြသခဲ့ပြီး ဖြစ်ပါတယ်။
