ဒီည မန်စီးတီး Vs ဆီဗီလာ တို့ Super Cup ပွဲစဉ် အတွက် ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ် ထွက်ပါပြီ

ဥရောပ ချန်ပီယံလိဂ် ရထားတဲ့ မန်စီးတီးနဲ့ ယူရိုပါလိဂ် ချန်ပီယံ ဆီဗီလာ အသင်းတို့ဟာ ဒီနေ့ည ဂရိနိုင်ငံ၊ အေသင်မြို့မှာတော့ UEFA စူပါကပ် ဖလား လုဖို့ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ ပွဲချိန် ကတော့ ယနေ့ည/ ကြာသပတေးနေ့ နံနက် မြန်မာစံတော်ချိန် ၁ နာရီခွဲ မှာပါ။
မန်စီးတီးနဲ့ ဆီဗီလာတို့ဟာ သမိုင်းတလျောက် ၄ ကြိမ်သာ ထိပ်တိုက် ရင်ဆိုင်ဖူးပြီး ၄ ကြိမ်လုံး မန်စီးတီး ကသာ အနိုင် ရထားခဲ့တာ ဖြစ်ပါတယ်။
ဒီညပွဲမှာ မန်စီးတီးဘက်က ရူဘန်ဒီယက်စ်၊ ဂျွန်စတုန်းနဲ့ ကီဗင် ဒီဘရိုင်းတို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဆီဗီလာ ဘက်မှာလည်း Tanguy Nianzou နဲ့ Marcao တို့တော့ ဒဏ်ရာကြောင့် လွဲချော်မှာပါ။
လန်ဒန် အခြေစိုက် Evening Standard သတင်းဌာနကတော့ မန်စီးတီးနဲ့ ဆီဗီလာ တို့ ပွဲ အတွက် အခုလို ပွဲကြို သုံးသပ် ခန့်မှန်းထားပါတယ်။
ပွဲကြို သုံးသပ်ချက်
မန်စီးတီးဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ သူတို့ အကောင်းဆုံး ပုံစံ မဟုတ်သေးပေမယ့် ဘန်လေကို အကောင်းဆုံး လွှမ်းမိုး ကစားနိုင်ခဲ့ပါတယ်။ ကွန်မြူနတီဒိုင်းပွဲမှာလည်း ပင်နယ်တီမှ ရှုံးခဲ့တာ ဖြစ်ပြီး အာဆင်နယ်ထက် ပိုကောင်းခဲ့သေးတာပါ။
ပြီးခဲ့တဲ့ ၁ဝ နှစ်တာ အတွင်းမှာ ယူရိုပါလိဂ် ချန်ပီယံတွေက စူပါကပ်ကို ယူနိုင်တာ တစ်ကြိမ်ပဲ ရှိပါတယ်။ ယူရိုပါလိဂ် ဆရာကြီး ဖြစ်နေတဲ့ ဆီဗီလာကတော့ စူပါကပ် ရှုံးပွဲတွေကို မကြာခဏ ခံစားနေကြ အသင်း ဖြစ်နေတာပါ။ ဒီ ပုံစံ အတိုင်းပဲ ဒီနှစ်လည်း ဆက်မြင်ရဖွယ် ရှိပါတယ်။
ခန့်မှန်းရလဒ်
မန်စီးတီး ၂-ဝ ဆီဗီလာ။