ရော်နယ်ဒို နဲ့ အတူ တွဲကစားဖို့ အယ်နက်ဆာ ပြောင်းတော့မယ့် မန်စီးတီး နောက်ခံလူ လာပေါ့တ်

မန်စီးတီးဟာ ဆော်ဒီပရိုလိဂ်ကလပ် Al Nassr မှ လာပေါ့တ် အား ခေါ်ယူဖို့ ကမ်းလှမ်းလာမှုအား လက်ခံလိုက်ပြီ ဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒို၊ ဆာဒေယိုမာနေးတို့ ကစားနေတဲ့ Al Nassr ဟာ စပိန်လက်ရွေးစင် ဗဟိုနောက်ခံလူ အတွက် ပြောင်းရွှေ့ကြေး ဘယ်လောက်နှင့် ကမ်းလှမ်းခဲ့သလဲ ဆိုတာကိုတော့ မသိရပါဘူး။

အသက် ၂၉ နှစ်ရှိ လာပေါ့တ် ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆုဖလား ၃ လုံး ဆွတ်ခူးစဉ်တုန်းက အေကန်ဂျီ၊ နသန်အကဲ၊ ရူဘင်ဒိုင်ယက်စ်နောက် တတိယဦးစားပေးအဖြစ် ကစားလာခဲ့ရသူ ဖြစ်ပါတယ်။

မန်စီးတီးဟာ ယခုနွေရာသီတွင် ရက်ဘူးလ်လိုက်ဇစ်မှ ဘယ်ခြမ်းနောက်ခံလူ ကဗာဒီယောကို ပေါင် ၇၇ သန်းဖြင့် ခေါ်ယူထားရာ လာပေါ့တ် အနေဖြင့် ပွဲထွက်ခွင့် ရရှိရန် အခွင့်အရေး ပိုမိုနည်းပါးလာမှုကြောင့် ထွက်ခွာလာရတော့မှာလည်း ဖြစ်ပါတယ်။

လာပေါ့တ်ဟာ Al Nassr မှာ ခရစ္စတီယာနိုရော်နယ်ဒို၊ အဲလက်စ်တဲလ်လက်စ်၊ ဆာဒေယိုမာနေး၊ မာဆယ်လိုဘရိုဇိုဗစ်တို့နှင့် တွဲကစားသွားရပါမယ်။