ပေါမာဆန်ကြီးရဲ့ ဒီည မန်စီးတီး – နယူးကာဆယ် ပွဲစဉ်အတွက် ကြိုတင် ဟောကိန်းထုတ်ချက် ထွက်ပါပြီ

ဒီနေ့ စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် နယူးကာဆယ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း ဟာ ဒီည ၁ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။

ဘောလုံးပွဲ သုံးသပ် ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က မန်စီးတီးနဲ့ နယူးကာဆယ်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီရာသီက နယူးကာဆယ် အတွက် တကယ့် အရည်အချင်းစစ်ပွဲပဲ။ သူတို့က အက်စတွန်ဗီလာနဲ့ ပွဲမှာ မယုံနိုင်လောက် အောင် လုပ်ပြခဲ့တာပါ။ ဒါပေမယ့် စီးတီးနဲ့ သူတို့ တွေ့ရတော့မယ်။ ပက် ဂွာဒီယိုလာနဲ့ အဖွဲ့က ခုနေမှာ သိပ်ကို ကောင်းနေတယ်။

ကီဗင် ဒီဘရိုင်းက စီးတီး အတွက် အရေးကြီးတဲ့ ကစားသမားပါ။ သူ မပါနိုင်တာက စီးတီး အပေါ် သက်ရောက်မှုတော့ ရှီမယ်။ သူ မပါဝင်နိုင်ချိန်မှာ ဟာလန်း ဘယ်လို စွမ်းဆောင်ပြမလဲ ဆိုတာကလည်း စောင့်ကြည့်ချင်စရာပါပဲ။

အာလင်း ဟာလန်းက ဂိုးသွင်းမုဆိုးပါ။ သူက သူ့အလုပ်ကို အမှားအယွင်း မရှိဘူး။ ဧရိယာထဲကို ရောက်အောင် သွားမယ်။ ဂိုးတွေသွင်းမယ်၊ ယူနိုက်တက်မှာ နစ္စတယ်ရွိုင်း လုပ်ပြခဲ့သလိုပေါ့။ လူတွေက သူတို့ ဂိုး မသွင်းနိုင်မှာကို စိုးရိမ် မနေရဘူး။

သူ ဂိုးတွေ အများျကြီး သွင်းဖို့လည်း ပြသနာ မရှိနိုင်လောက်ဘူးလို့ ကျနော်ကတော့ ထင်ထားတယ်။ နယူးကာဆယ် က ရှိသမျှ အစွမ်းကုန် အားထုတ်ပြီး ညှစ်ကစားရင်တောင် မန်စီးတီး အနေနဲ့ ဒီစိန်ခေါ်မှုကို ကျော်ဖြတ်နိုင်မယ် လို့ ထင်တယ်။ အထူးသဖြင့် အီတီဟက်မှာ ကစားရတဲ့ ပွဲ ဖြစ်နေတယ်။ ” လို့ သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ စီးတီး ၂-၁ နယူးကာဆယ် ဖြစ်ပါတယ်။