မန်စီးတီးသာ Treble စံချိန်တင် ယူမယ် ဆို ဘောလုံးလောက က ထွက်ပြီ၊ ဂူအောင်းပြီ လို့ ဖာဒီနန် ပြောဆို

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်ကတော့ ၎င်းရဲ့ မြို့ခံပြိုင်ဖက် မန်စီးတီး အသင်းသာ treble ၃ကြိမ်ဆက် ရခဲ့ရင် သူ တွင်းအောင်းနေမှာ ဖြစ်ပြီး သူ့ကို ဘယ်တော့မှ လူမြင်ကွင်းမှာ တွေ့ရမှာ မဟုတ်ကြောင်း ဖွင့်ဟလာပါတယ်။

သမိုင်းတလျှောက် ပရီးမီးယားလိဂ် ၄နှစ်ဆက် ၊ treble ၂နှစ်ဆက် ဖြစ်ထားတဲ့ ကလပ် လုံးဝ မရှိခဲ့ဖူးပါဘူး ။ Treble ၃နှစ်ဆက် ဖြစ်ဖို့ဆိုရင် ပိုတောင်မှ ဖြစ်နိုင်ဖို့ ခဲယဉ်းပါတယ်။

TNT Sports နဲ့ တွေ့ဆုံခဲ့ရာမှာ ဖာဒီနန် က ” ဒါက လုံးဝ ဖြစ်လာဖို့ မရှိပါဘူး။ အဲလို ဖြစ်လာခဲ့ရင် ကျွန်တော် အလုပ်က ထွက်ပြီး ဂူအောင်းတော့မှာပါ။ ဒါကြီးက တကယ် ဖြစ်လာခဲ့ရင် ၊ ခင်ဗျား ကျွန်တော့ကို ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်ပါဘူး။ ” လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကလပ် သမိုင်းတလျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ခြင်းနဲ့ အတူ ဖလား ၃လုံး ချန်ပီယံ (Treble winner) ဖြစ်ခဲ့ပါတယ်။

ဒီရာသီမှာလည်း စီးတီးတို့ဟာ ကလပ် သမိုင်းတလျှောက် ပထမဆုံး ဥရောပ စူပါဖလားကို လောလောလတ်လတ်ပဲ ဆွတ်ခူးထားပါတယ် ။

စီးတီးဟာ ဒီရာသီမှာ အခြားသော ထိပ်သီး ကလပ်တွေလောက် ကစားသမားသစ် ခေါ်ယူမှု မရှိပေမယ့် ၊ ဥရောပ ထိပ်တန်းအဆင့်ရှိ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ်နဲ့ ခံစစ်မှူး ယော်စ်ကို ဗာဒီယိုးလ်တို့ကို ပေါင်သန်း ၁၀၀ကျော် သုံးစွဲကာ အင်အားဖြည့်ထားပါတယ်။