ဆေးဗားနဲ့ ဝေါ်ကာ တို့ ပါဝင်မယ့် သူ ဖြစ်ချင်တဲ့ အိပ်မက်ကို ထုတ်ပြောလာတဲ့ ပက် ဂွာဒီယိုလာ

မန်စီးတီးမှာ ဘာနာဒိုဆေးဗားနဲ့ ကိုင်လီ ဝေါ်ကာတို့ စာချုပ်သစ်တွေ ချုပ်တာကို မြင်တွေ့ရဖို့က သူ့အိမ်မက် ဖြစ်တယ်လို့ နည်းပြ ပက်ဂွာဒီယိုလာက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပေါ်တူဂီနဲ့ အင်္ဂလန်ကြယ်ပွင့်တွေဟာ မနှစ်က သမိုင်းဝင် ဖလားသုံးလုံး အောင်မြင်မှု ရခဲ့တဲ့ အီတီဟတ် ကွင်းရဲ့ မယုံနိုင်စရာ အောင်မြင်မှုတွေမှာ အဓိက အရေးပါသူတွေ ဖြစ်ခဲ့ကြတာပါ။

လက်ရှိမှာ စီးတီးဟာ မန်ချက်စတာမှာ ၎င်းတို့နှစ်ယောက်လုံးကို ဆက်ထိန်းထားနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတာ ဖြစ်ပါတယ်။

ဆေးဗားရဲ့လက်ရှိစာချုပ်က ၂၀၂၅ မှ သက်တမ်းကုန်မှာဖြစ်ပေမယ့် ၎င်းဟာ ပီအက်စ်ဂျီနဲ့ အပြောင်းအရွှေ့ ချိတ်ဆက်မှု ရှိခဲ့တာဖြစ်ပြီး ဝေါ်ကာဟာလဲ နောက်ဆုံး ၁၂လသက်တမ်းထဲ ဝင်လာပြီးနောက် ဘိုင်ယန်ထံက စိတ်ဝင်စားမှု ရရှိထားတာ ဖြစ်ပါတယ်။

ပက် ဂွာဒီယိုလာကတော့ သူတို့နှစ်ယောက်လုံးကို စာချုပ် သက်တမ်းတိုး စေချင်နေတာပါ။

“ကိုင်လီ ဝေါ်ကာလိုပဲ အဲ့ဒါက ကျွန်တော့်ရဲ့အိမ်မက် ဖြစ်မှာပါ။ တကယ်ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ သူတို့တွေ စာချုပ် သက်တမ်းတိုးဖြစ်ဖို့ ကျွန်တော့်စိတ်ရင်းနဲ့ ဆုတောင်းပါတယ်”လို့ ဂွာဒီယိုလာက ပြောကြားခဲ့တာပါ။

အသက် ၂၉ နှစ်ရှိနေပြီဖြစ်တဲ့ ဆေးဗားဟာ ၂၀၁၇ ကတည်းက စီးတီးကို ရောက်လာခဲ့ပြီး ပွဲပေါင်း ၃၀၈ ပွဲ ကစားပေးခဲ့ပါတယ်။

မနှစ်က ရာသီကုန်မှာ ၃၃နှစ်ပြည့်ခဲ့တဲ့ ဝေါ်ကာကလဲ ဆေးဗားနဲ့ တနွေထဲမှာ ရောက်လာခဲ့တာဖြစ်ပြီး ကလပ်အတွက် ၂၅၇ ပွဲ ကစားပေးခဲ့သလို နှစ်ယောက်လုံးဟာ ၆နှစ်အတွင်း