မိခင္ကလပ္ အာဆင္နယ္အသင္း္ထံပဲ ျပန္လာဖြယ္ ရွိေနတဲ့ အငွားခ်တိုက္စစ္သမား

အာဆင္နယ္အသင္းဟာ စီးရီးေအကလပ္ ရိုးမားအသင္းမွာ အငွား သြားကစားဖို႔ ေစလႊတ္ထားတဲ့ တိုက္စစ္သမား မစ္ခီတာရန္ကို အျပီးသတ္ ေရာင္းခ်ဖို႔ သေဘာတူခ်က္မွာ ထည့္သြင္းခဲ့ေပမယ့္ ရိုးမားက မ၀ယ္လိုတာေၾကာင့္ လာမယ့္ေႏြမွာ မိခင္ကလပ္အသင္းထံ ျပန္လာဖို႔ မ်ားေနပါတယ္။

ရိုးမားအသင္းကေတာ့ မစ္ခီတာရန္ကို ၀ယ္ယူလိုေနေပမယ့္ အာဆင္နယ္အသင္း ေတာင္းဆိုခဲ့တဲ့ ေပါင္သန္း ၂၀ ကို ေပးေခ်ဖို႔ ဆႏၵ မရွိ တာေၾကာင့္ ကစားသမားကို အသင္းထံျပန္လည္ေစလႊတ္ဖို႔က ျဖစ္လာခဲ့လို႔ အာဆင္နယ္အသင္း ဒီအေျပာင္းအေရႊ႕ကို ေသခ်ာကို္င္တြယ္ရဖို႕ ျဖစ္လာခဲ့ပါတယ္။

ယူႏိုက္တက္အသငး္ကေန ဆန္းခ်က္ရဲ႕ အေျပာင္းအေရႊ႕တစ္စိတ္တစ္ပိုင္းအျဖစ္ အာဆင္နယ္အသင္းကို ေရာက္ရွိခဲ့သူျဖစ္တာေၾကာင့္ အာဆင္နယ္အသင္းက မစ္ခီတာရန္အတြက္ တစ္ပတ္ကို ေပါင္ တစ္သိန္းေျခာက္ေသာင္း လစာေပးေခ်ေနရပါတယ္။

နည္းျပေဟာင္း အူႏိုင္းအမ္မရီလက္ထပ္မွာလည္း အသင္းနဲ႔ အံမ၀င္ခဲ့တာေၾကာင့္ အသင္းကေန ထြက္ခြာခဲ့ရသူျဖစ္ၿပီး နည္းျပသစ္ျဖစ္လာခဲ့တဲ့ အာတီတာကလည္း သူ႔ကိုအသင္းမွာ အသံုးျပဳဖို႔အတြက္ အစီအစဥ္ မရွိေသးတာေၾကာင့္ မစ္ခီတာရန္ကို ေရာင္းခ်ၿပီး အာဆင္နယ္အသင္း ၀င္ေငြ တစ္ရပ္ ျပန္လည္ရွာေဖြကာ ကစားသမားသစ္ ေခၚယူမွာပါ။

မစ္ခီတာရန္ ကရိုးမားအသင္းမွာ ဒီရာသီ ၁၀ ပြဲ ကစားထားခဲ့ၿပီး အသင္းအတြက္ ၄ ဂိုးသြင္းယူကာ ၁ ႀကိမ္ ဂိုးဖန္တီး ေပးထားႏိုင္ခဲ့ပါတယ္။ ၄င္းက ျပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ တင္ အာဆင္နယ္က သူ႔ကို ကတိအမ်ိဳးမိ်ဳးေပးျပီး ဖ်က္ကာ အငွားလႊတ္ခဲ့ေၾကာင္း ဖြင့္ဟခဲ့တာေၾကာင့္ ေရာင္းခ်ခံရဖို႔သာ မ်ားပါတယ္။

Unicode – အာဆင်နယ်အသင်းဟာ စီးရီးအေကလပ် ရိုးမားအသင်းမှာ အငှား သွားကစားဖို့ စေလွှတ်ထားတဲ့ တိုက်စစ်သမား မစ်ခီတာရန်ကို အပြီးသတ် ရောင်းချဖို့ သဘောတူချက်မှာ ထည့်သွင်းခဲ့ပေမယ့် ရိုးမားက မဝယ်လိုတာကြောင့် လာမယ့်နွေမှာ မိခင်ကလပ်အသင်းထံ ပြန်လာဖို့ များနေပါတယ်။

ရိုးမားအသင်းကတော့ မစ်ခီတာရန်ကို ဝယ်ယူလိုနေပေမယ့် အာဆင်နယ်အသင်း တောင်းဆိုခဲ့တဲ့ ပေါင်သန်း ၂၀ ကို ပေးချေဖို့ ဆန္ဒ မရှိ တာကြောင့် ကစားသမားကို အသင်းထံပြန်လည်စေလွှတ်ဖို့က ဖြစ်လာခဲ့လို့ အာဆင်နယ်အသင်း ဒီအပြောင်းအရွှေ့ကို သေချာကိုင်တွယ်ရဖို့ ဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းကနေ ဆန်းချက်ရဲ့ အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအဖြစ် အာဆင်နယ်အသင်းကို ရောက်ရှိခဲ့သူဖြစ်တာကြောင့် အာဆင်နယ်အသင်းက မစ်ခီတာရန်အတွက် တစ်ပတ်ကို ပေါင် တစ်သိန်းခြောက်သောင်း လစာပေးချေနေရပါတယ်။

နည်းပြဟောင်း အူနိုင်းအမ်မရီလက်ထပ်မှာလည်း အသင်းနဲ့ အံမဝင်ခဲ့တာကြောင့် အသင်းကနေ ထွက်ခွာခဲ့ရသူဖြစ်ပြီး နည်းပြသစ်ဖြစ်လာခဲ့တဲ့ အာတီတာကလည်း သူ့ကိုအသင်းမှာ အသုံးပြုဖို့အတွက် အစီအစဉ် မရှိသေးတာကြောင့် မစ်ခီတာရန်ကို ရောင်းချပြီး အာဆင်နယ်အသင်း ဝင်ငွေ တစ်ရပ် ပြန်လည်ရှာဖွေကာ ကစားသမားသစ် ခေါ်ယူမှာပါ။

မစ်ခီတာရန် ကရိုးမားအသင်းမှာ ဒီရာသီ ၁၀ ပွဲ ကစားထားခဲ့ပြီး အသင်းအတွက် ၄ ဂိုးသွင်းယူကာ ၁ ကြိမ် ဂိုးဖန်တီး ပေးထားနိုင်ခဲ့ပါတယ်။ ၎င်းက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ တင် အာဆင်နယ်က သူ့ကို ကတိအမျိုးမျိုးပေးပြီး ဖျက်ကာ အငှားလွှတ်ခဲ့ကြောင်း ဖွင့်ဟခဲ့တာကြောင့် ရောင်းချခံရဖို့သာ များပါတယ်။