သူ့ကို ဖမ်းတဲ့ ယာဉ်ထိန်းရဲ ကိုတောင် ပြန် ကြပ်နေတဲ့ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ

ပြီးခဲ့တဲ့ ရက်ပိုင်းက မန်ချက်စတာမြို့ရဲ့ မျဉ်းဝါနှစ်ထပ်စည်းပေါ်မှာ မော်တော်ကားကို ရပ်တန့်ခဲ့တဲ့ မန်စီးတ ည်းပြ ပက်ဂွါဒီယိုလာဟာ သူ့ကို ဒဏ်ကြေးတပ်ခဲ့တဲ့ ယာဉ်ထိန်းရဲတို့အကြား ရယ်ရွှင်ဖွယ် အပေးအယူတစ်ခု ပြုလုပ်ခဲ့ပါတယ်။
စပိန်သားနည်းပြဟာ မန်ချက်စတာမြို့မှာ ကားပါကင်ဒဏ်ကြေးတစ်ခုကို ကျခံခဲ့ရသလို ဓါတ်ပုံလည်း တွဲရိုက် ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီအဖြစ်အပျက်မှာ မော်တော်ကားဆီ ပြန်လျှောက်လာတဲ့ မန်စီးတီးနည်းပြကို ယာဉ်ထိန်းရဲက ကားပါကင် ဒဏ်ကြေးချလံ ပေးအပ်ခဲ့ကာ ဓါတ်ပုံအတူတွဲရိုက်ခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။
Tik Tok မှာ ပေါ်ပေါက်လာတဲ့ ရုပ်သံမှတ်တမ်းတိုတစ်ခုအတွင်း ပက်ဂွါဒီယိုလာက “မင်း ဓါတ်ပုံ ရိုက်ချင်တာလား? ဒီဓါတ်ပုံအတွက် မင်း ပိုက်ဆံပေးရလိမ့်မယ်”လို့ ဟာသလုပ် တုံ့ပြန်ခဲ့ပါတယ်။
နယူးကာဆယ်နဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်အပြီး မန်စီးတီးပရိသတ်တစ်ဦးနဲ့အတူရှိနေစဉ် ပက်ဂွါဒီယိုလာက အခုလို ရယ်စရာကောင်းတဲ့ အခိုက်အတန့်တစ်ခုကို ဖန်တီးခဲ့တာပါ။
ပြီးခဲ့တဲ့စနေနေ့မှာတော့ မန်စီးတီးက အီတီဟတ်ကွင်းမှာ နယူးကာဆယ်ကို ခက်ခက်ခဲခဲကစားပြီး တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီမှာ သမိုင်းဝင်ဆုဖလားသုံးလုံးအောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အခုလို စွမ်းဆောင်ရည်မျိုးကို ထပ်ခါတလဲလဲပြသဖို့ မဖြစ်နိုင်ဘူးဆိုတာ ပက်ဂွါဒီယိုလာသိထားပေမယ့် သူ့ရဲ့ စံနှုန်းတွေကိုတော့ အရင်ထက် ပိုမိုမြင့်မားတဲ့နေရာဆီ ပို့ဆောင်ထားပါတယ်။
ကားပါကင်ကိစ္စမှာ ဒဏ်ရိုက်ခံခဲ့ရပေမယ့် ကွင်းတွင်းကိစ္စရပ်တွေမှာတော့ ချောချောမွေ့မွေ့ဖြစ်နေစေဖို့ ပက်ဂွါဒီယိုလာ မျှော်လင့်နေပါလိမ့်မယ်။
လောလောဆယ်မှာတော့ စပိန်သား နည်းပြဟာ ကျော ခွဲစိတ်မှု ခံယူထားတာကြောင့် အနားယူနေရပြီး စီးတီးရဲ့ လာမယ့် ပွဲ နှစ်ပွဲကို လွဲချော်ဖို့ ရှိနေပါတယ်။