မယုံနိုင်စရာ ဖြစ်နေတဲ့ လာပေါ့ထ်ရဲ့ အယ်နက်ဆာသို့ သွားတဲ့ ပြောင်းရွှေ့ကြေး ပမာဏ

ဆော်ဒီ ပရိုလိဂ် ကလပ် အယ်နက်ဆာ အသင်းထံ ပြောင်းရွှေ့မယ့် မန်စီးတီး အသင်း နောက်ခံလူ လာပေါ့တ် ရဲ့ ပြောင်းရွှေ့ကြေး အပေါ် ပရိသတ်တွေကတော့ မယုံနိုင် ဖြစ်နေပါတယ်။

ရော်နယ်ဒို ရှိနေသလို ဒီနွေမှာ ဥရောပက နာမည်ကြီး ကစားသမားတွေ ခေါ်ယူနေခဲ့တဲ့ အယ်နက်ဆာ အသင်းထံ လာပေါ့တ် ရောက်ရှိသွားတာပါ။ မန်စီးတီး နဲ့ အတူ အောင်မြင်မှုတွေ ရထားတဲ့ နောက်ခံလူဟာ အယ်နက်ဆာသို့ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း မျှနဲ့ သာ ပြောင်းရွှေ့သွားတာပါ။

မန်စီးတီးဖန်တွေ သာမက ဘောလုံး ပရိသတ်တွေကတော့ ဒီ အပြောင်းအရွှေ့ဟာ အယ်နက်ဆာ အတွက် တန်လွန်းပြီး မယုံနိုင်စရာပဲ လို့ လူမှုကွန်ယက်မှာ အခုလို သုံးသပ် ပြောဆိုနေကြပါတယ်။

Mark F: ဟာ .. သူက ပေါင် သန်း ၇ဝ လောက်တန်တဲ့ ကစားသမား။ ဒီလောက် ဈေးပေါပေါကြီးနဲ့ ပြောင်းသွားတာ အံ့သြစရာပဲ။

bAtTeRy : ပြောင်းရွှေ့ကြေးက ဘာလို့ တအားကို နည်းနေတာလဲ? မက်ဂွဲရားတောင် သန်း ၃ဝ လေ၊ ငါတို့ မသိတာ တခုခုများ ရှိနေတာလား?

Joe: ပေါင် ၂၃သန်းခွဲ ဆိုတာက အဲရစ် (လာပေါ့တ်)ကို ဖြတ်ရိုက်လိုက်သလိုပါပဲ။ သူ့ကိုတော့ လွမ်းနေရတော့မှာ။ ဘောလုံးလောကမှာ သူက ဘယ်အသင်းကို မဆို ရင်ကော့ပြီး ဝင်သွားနိုင်တဲ့သူပါ။

Mark: ဒီဈေးနဲ့ ဆို ဘာလို့ သူ့ကို မခေါ်ကြတာလဲ ? မယုံနိုင်စရာကြီးကွာ။

လာပေါ့တ်ကို မန်စီးတီးက ၂၀၁၈ မှာ အက်သလစ် ဘီဘာအို အသင်းထံကနေ ပေါင် ၅၇ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး အခုချိန်ထိ ခြေစွမ်းကောင်း၊ အောင်မြင်မှုတွေ ရနေတဲ့ ကစားသမားဟာ နည်းပါးလှတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဆော်ဒီဘက် ပြောင်းသွားတာ မယုံနိုင်စရာ ဖြစ်နေပါတယ်။