နူးနက်စ်အတွက် ပထမအကြိမ် ကမ်းလှမ်းမှု ပယ်ချခံရ၊ ပဲလေစ့် ကွင်းလယ်လူအတွက် ပေါင် သန်း ၇၀ ပေးရဖွယ်ရှိ

မန်စီးတီးဟာ ကွင်းလယ်လူသစ် ရှာဖွေနေမှုကို အရှိန်မြှင့်လာခဲ့ပြီဖြစ်ကာ ဝုဗ်အသင်းမှ မက်သရုစ် နူးနက်စ်ကို ခေါ်ယူနိုင်ဖို့ စတင်လာခဲ့ပေမယ့် ပထမအကြိမ် ကမ်းလှမ်းမှုမှာ ပယ်ချခံလိုက်ရပါတယ်။

ဝက်စ်ဟမ်း ကွင်းလယ်လူ ပါကွီတာကို ခေါ်ယူလိုခဲ့ပေမယ့် အက်ဖ်အေဘက်က ဘရာဇီးသားကို လောင်းကစားကိစ္စ စုံစမ်းစစ်ဆေးမှု လုပ်နေတာမို့ မန်စီးတီးတို့ နောက်ဆုတ်လိုက်ပါတယ်။ ဒါပေမယ့် ဒီဘရိုင်းကို ဒဏ်ရာကြောင့် လက်လွတ်ရမယ့် အခြေအနေမှာ ကွင်းလယ်လူသစ် အားဖြည့်ဖို့ လိုနေဆဲဖြစ်ပါတယ်။

ဒီဘရိုင်းဟာ ဒဏ်ရာ ခွဲစိတ်မှု လုပ်ထားကာ ၄ လဝန်းကျင် ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ အဓိက ကွင်းလယ်လူ ဂွမ်ဒိုဂန်နေရာ ကိုဗာဆစ်ဖြင့် အင်အားဖြည့်ထားပေမယ့် ချန်ပီယံ ဆုဖလား ၃ လုံးကို ကာကွယ်နိုင်ရေး လူသစ်တွေ ထပ်ရဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။

စီးတီး ချိန်ဆက်လာတဲ့ ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်တဲ့ နူးနက်စ်ကို လီဗာပူးကလည်း မနှစ်တုန်းက အတော်လေး စိတ်အားထက်သန်မှု ပြသခဲ့ပါတယ်။ စီးတီးက ပေါင် ၄၇ သန်းဖြင့် ပထမအကြိမ် ကမ်းလှမ်းရာမှာ ပယ်ချခံခဲ့ရတယ် မကြာခင်မှာပဲ ဒုတိယမြောက် ကမ်းလှမ်းမှု ပြုလုပ်ဖွယ် ရှိပါတယ်။

နောက်ထပ် တစ်ဦးကတော့ ပဲလေစ့်ရဲ့ တိုက်စစ်အားသန် ကွင်းလယ်လူ အိဇ်ပဲဖြစ်ကာ အင်္ဂလန်ကွင်းလယ်လူအတွက် ပေါင် သန်း ၇၀ ဝန်းကျင်ထိ ပေးချေရမှာ ဖြစ်ပါတယ်။

နည်းပြဂွာဒီယိုလာက ကွင်းလယ်ကနေ သွင်းဂိုးပိုရဖို့ မျှော်လင့်နေတာနဲ့အတူ တိုက်စစ်အားသန် ကွင်းလယ်လူမျိုးနဲ့ ကွင်းလယ် နေရာစုံ ကစားနိုင်တဲ့ သူတွေကို ချိန်ရွယ်လာပြီး နူးနက်စ်နဲ့ အိဇ်တို့အပေးမှာတော့ သိသာတဲ့ စိတ်ဝင်စားမှု ပြသလာခဲ့ပြီ ဖြစ်ပါတယ်။