နယူးကာဆယ္နဲ႕ ပြဲမွာ ထူးျခားမႈေတြ ျမင္ရမယ္လို႔ ဘယ္လာရင္ ယံုၾကည္
အာဆင္နယ္ အသင္းဟာ နည္းျပသစ္ အာတီတာရဲ႕နည္းလမ္းေတြနဲ႔ အသားက်ေနသလို ဂိုးေတြက ပိုၿပီး ျမန္ျမန္ ရလာလိမ့္မယ္လို႔ ခံစစ္မွဴး ဟက္တာ ဘယ္လာရင္က ဆိုပါတယ္။
အာဆင္နယ္အသင္းဟာ ျပီးခဲ့တဲ့ ဒီဇင္ဘာမွာ အမ္မရီကို ထုတ္ပယ္ၿပီးေနာက္ပိုင္း စပိန္သားလက္ေအာက္မွာ မွန္မွန္ တိုးတက္ လာေနခဲ့ၿပီး အာတီတာနဲ႔အတူ ၿပိဳင္ပြဲစုံ ၉ပြဲမွာ တစ္ပြဲသာ ရႈံးနိမ့္ခဲ့တာလဲ ျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔ဟာ ၃ပြဲသာ အႏိုင္ရထားၿပီး အဲ့ထဲက နွစ္ပြဲက အက္ဖ္ေအ ဖလားမွာ ေအာင္ျမင္ခဲ့တာျဖစ္ကာ လိဂ္ေလးပြဲဆက္ သေရက်ခဲ့တာေၾကာင့္ လက္ရွိမွာ အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနပါတယ္။
ဘယ္လာရင္ကေတာ့ အာဆင္နယ္က နည္းျပ အာတီတာရဲ႕ ဦးေဆာင္မႈနဲ႔အတူ တိုးတက္လာတဲ့ လကၡဏာေတြကို စတင္ျပသေနၿပီး နယူးကာဆယ္နဲ႔ ပြဲမွာ တိုးတက္မႈေတြကို ကြင္းထဲမွာ ျပသနိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။
” အာတီတာက အလုပ္လုပ္ရာမွာ သိပ္ကို ဗ်ဴဟာေျမာက္ၿပီး ရွင္းလင္းတဲ့ စိတ္ကူးေတြနဲ႔အတူ အရမ္း ပေရာ္ဖက္ရွင္နယ္ဆန္ပါတယ္၊ အခုက အစပဲ ရွိေသးတယ္၊ သူ႔မွာ အေတြးအေခၚသစ္ေတြ ရွိၿပိး ေနာက္ဆုံးပြဲ အနည္းငယ္မွာ ဒါကို အေကာင္အထည္ ေဖာ္ခဲ့တယ္၊ ဒါက ႀကီးမားတဲ့ ေျပာင္းလဲမႈ တစ္ခုပါပဲ၊
တစ္ခါတစ္ေလ ဂိုးေရွ႕မွာ ကြၽန္ေတာ္တို႔ ပိုၿပီး ထိေရာက္မႈရွိဖို႔လိုေပမယ့္ ဒါက ယုံၾကည္မႈနဲ႔လဲ ဆိုင္ပါတယ္၊ ပိုေကာင္းေကာင္းကစားၿပီး ပြဲကိုထိန္းခ်ဳပ္လာႏိုင္တဲ့အခါ ဂိုးေတြက ရလာမွာပါ၊ ဒါကို မၾကာခင္ ေတြ႕ရေတာ့မယ္ဆိုတာ ေသခ်ာပါတယ္၊ အေရးအႀကီးဆုံးက လမ္းေၾကာင္း မွန္ေပၚ ေရာက္ဖို႔ပါ၊ နည္းျပရဲ႕ဦးေဆာင္မႈ၊ နည္းဗ်ဴဟာ အႀကံေကာင္းေတြနဲ႔အတူ သူေျပာတဲ့အတိုင္းလုပ္ႏိုင္ရင္ ကြၽန္ေတာ္တို႔ ေအာင္ျမင္လာမယ္ လို႔ ထင္ပါတယ္ ” ဆိုၿပီး ဘယ္လာရင္က ေျပာဆိုခဲ့ပါတယ္။
ဂိုးေရွ႕မွာ တည္ၿငိမ္မႈ မရွိတာက အာဆင္နယ္အသင္းရဲ႕ အဓိက ဟာကြက္ ျဖစ္ၿပီး အာတီတာလက္ထက္ ၉ပြဲမွာ ၃ပြဲသာ တစ္ဂိုးထက္ ပိုသြင္းႏိုင္ ခဲ့သလို ပရီးမီးယားလိဂ္ ထိပ္ဆုံး ၁၀သင္းအတြင္း ရွက္ဖီးတစ္သင္းသာ သူတို႔ထက္ ဂိုးပိုနည္းၿပီးသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
Unicode – အာဆင်နယ် အသင်းဟာ နည်းပြသစ် အာတီတာရဲ့နည်းလမ်းတွေနဲ့ အသားကျနေသလို ဂိုးတွေက ပိုပြီး မြန်မြန် ရလာလိမ့်မယ်လို့ ခံစစ်မှူး ဟက်တာ ဘယ်လာရင်က ဆိုပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ အမ်မရီကို ထုတ်ပယ်ပြီးနောက်ပိုင်း စပိန်သားလက်အောက်မှာ မှန်မှန် တိုးတက် လာနေခဲ့ပြီး အာတီတာနဲ့အတူ ပြိုင်ပွဲစုံ ၉ပွဲမှာ တစ်ပွဲသာ ရှုံးနိမ့်ခဲ့တာလဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ၃ပွဲသာ အနိုင်ရထားပြီး အဲ့ထဲက နှစ်ပွဲက အက်ဖ်အေ ဖလားမှာ အောင်မြင်ခဲ့တာဖြစ်ကာ လိဂ်လေးပွဲဆက် သရေကျခဲ့တာကြောင့် လက်ရှိမှာ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။
ဘယ်လာရင်ကတော့ အာဆင်နယ်က နည်းပြ အာတီတာရဲ့ ဦးဆောင်မှုနဲ့အတူ တိုးတက်လာတဲ့ လက္ခဏာတွေကို စတင်ပြသနေပြီး နယူးကာဆယ်နဲ့ ပွဲမှာ တိုးတက်မှုတွေကို ကွင်းထဲမှာ ပြသနိုင်မယ်လို့ ယုံကြည်နေပါတယ်။
” အာတီတာက အလုပ်လုပ်ရာမှာ သိပ်ကို ဗျူဟာမြောက်ပြီး ရှင်းလင်းတဲ့ စိတ်ကူးတွေနဲ့အတူ အရမ်း ပရော်ဖက်ရှင်နယ်ဆန်ပါတယ်၊ အခုက အစပဲ ရှိသေးတယ်၊ သူ့မှာ အတွေးအခေါ်သစ်တွေ ရှိပြိး နောက်ဆုံးပွဲ အနည်းငယ်မှာ ဒါကို အကောင်အထည် ဖော်ခဲ့တယ်၊ ဒါက ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခုပါပဲ၊
တစ်ခါတစ်လေ ဂိုးရှေ့မှာ ကျွန်တော်တို့ ပိုပြီး ထိရောက်မှုရှိဖို့လိုပေမယ့် ဒါက ယုံကြည်မှုနဲ့လဲ ဆိုင်ပါတယ်၊ ပိုကောင်းကောင်းကစားပြီး ပွဲကိုထိန်းချုပ်လာနိုင်တဲ့အခါ ဂိုးတွေက ရလာမှာပါ၊ ဒါကို မကြာခင် တွေ့ရတော့မယ်ဆိုတာ သေချာပါတယ်၊ အရေးအကြီးဆုံးက လမ်းကြောင်း မှန်ပေါ် ရောက်ဖို့ပါ၊ နည်းပြရဲ့ဦးဆောင်မှု၊ နည်းဗျူဟာ အကြံကောင်းတွေနဲ့အတူ သူပြောတဲ့အတိုင်းလုပ်နိုင်ရင် ကျွန်တော်တို့ အောင်မြင်လာမယ် လို့ ထင်ပါတယ် ” ဆိုပြီး ဘယ်လာရင်က ပြောဆိုခဲ့ပါတယ်။
ဂိုးရှေ့မှာ တည်ငြိမ်မှု မရှိတာက အာဆင်နယ်အသင်းရဲ့ အဓိက ဟာကွက် ဖြစ်ပြီး အာတီတာလက်ထက် ၉ပွဲမှာ ၃ပွဲသာ တစ်ဂိုးထက် ပိုသွင်းနိုင်ခဲ့သလို ပရီးမီးယားလိဂ် ထိပ်ဆုံး ၁၀သင်းအတွင်း ရှက်ဖီးတစ်သင်းသာ သူတို့ထက် ဂိုးပိုနည်းပြီးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။