မနက်ဖြန်ည ရှက်ဖီး – မန်စီးတီးပွဲ အတွက် ပေါမာဆန်ကြီးရဲ့ ကြိုတင် သုံးသပ် ဟောကိန်းထုတ်ချက်

မန်ချက်စတာစီးတီး အသင်းက ဒီအပတ် ပရီးမီးယားလိဂ် မှာ ရှက်ဖီး ယူနိုက်တက် တေ့ွနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ ရှက်ဖီးနဲ့ မန်စီးတီး တို့ ပွဲ ဘယ်လို ဖြစ်မလဲ ဆိုတာ ကြိုတင် ဟောကိန်းထုတ်ထားပြီ ဖြစ်ပါတယ်။

ပေါမာဆန် သုံးသပ်ချက်

အဲဗာရက်စ်က သိပ်ကောင်းတဲ့ ဂိုးသွင်းသူပါ။ အဆုံးသတ်ရမယ့် အခြေအနေတွေမှာ သူက ဟာလန်းနဲ့အတူ တိုက်စစ်မှာ ရှိနေပါတယ်။ စီးတီးက ရွေးချယ်စရာ သိပ်မရှိတာမို့ အဲဗာရက်စ် ပွဲကစားခွင့်တွေ ပိုရလာမှာပါ။

ဒီဘရိုင်း ဒဏ်ရာရနေတယ်၊ မာရက်စ်နဲ့ ဂွမ်ဒိုဂန်တို့ မရှိတော့ဘူးလေ။ မနှစ်က ဖလား ၃ လုံး အောင်မြင်မှုမှာ သူတို့တွေက အတော်လေး အရေးပါခဲ့ကြတာပါ။

ကယ်ဗင် ဖီးလစ်နဲ့ ပတ်သက်လို့ သိပ် မသေချာပါဘူး။ သူက သိပ်ပါရလေ့ မရှိသလို ပွဲကစားချိန် သိပ်မရဘူး။ မန်စီးတီးကနေ သူထွက်သင့်ပေမယ့် ဘာလို့ ဆက်နေနေသလဲ ကျနော် မသိပါဘူး။

ဒီဈေးကွက်က ကွင်းလယ်ခံစစ်သမားတွေ ဈေးကောင်းရနေတာမို့ စီးတီးတို့ သူ့ကို လက်လွှတ် လိုက်သင့်တာပါ။

ဒီရာသီ ရှက်ဖီးကို ကျနော် စိတ်ပူပါတယ်။ သူတို့ ပရီးမီးယားလိဂ်မှာ သိပ်လုပ်ပြနိုင်မှာ မဟုတ်ပါဘူး။ ဒီပွဲတော့ စီးတီး အနိုင်ပါပဲ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ရှက်ဖီးယူနိုက်တက် ဝ-၃ မန်စီးတီး

ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၇ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။