ရှက်ဖီးနဲ့ မန်စီးတီးပွဲ ဂိုးဘယ်လောင်ထိတောင် ပြတ်သွားမလဲ ဟောကိန်းထုတ်တဲ့ ခရစ်ဆက်တန်

မန်ချက်စတာစီးတီး အသင်းရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲ ပြိုင်ဘက်ကတော့ ရှက်ဖီး ယူနိုက်တက်ပါ။ ပွဲက အဝေးကွင်း ပွဲစဉ် ဖြစ်ပြီး တနင်္ဂနွေနေ့ ည ၇ နာရီခွဲ အချိန်မှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဖြစ်တဲ့ ဘီဘီစီမှ ခရစ်ဆက်တန် ကတော့ ရှက်ဖီးနဲ့ မန်စီးတီး တို့ ပွဲ ဘယ်လို ဖြစ်မလဲ ဆိုတာ ကြိုတင် ဟောကိန်းထုတ်ထားပြီ ဖြစ်ပါတယ်။

ဆက်တန်က ” ရှက်ဖီးယူနိုက်တက်ကတော့ အတော်လေး ဒုက္ခများနေပါတယ်။ သူတို့က ကိုယ့်ရဲ့ အကောင်းဆုံး ကစားသမား နီဒီယာကို မာဆေးအသင်းထံ ရောင်းချခဲ့တယ်။

သူတို့ ဖောရက်စ်ကို ရင်ဆိုင်ရာမှာ ကောင်းခဲ့ပေမယ့် ရှုံးခဲ့ပါတယ်။ ပဲလေစ့်ကလည်း သူတို့ကို အနိုင်ယူထားပါတယ်။

ဒီတပတ် ပွဲက ခက်ခက်ခဲခဲ ကစားပြီး ၁-၀ ဖြစ်လာမှာ မဟုတ်ပါဘူး။ မန်စီးတီးက ဒီပွဲကို ၄-၀ လောက်နဲ့ ဂိုးပြတ် နိုင်မှာပါ။” လို့ ပြတ်ပြတ်သားသား သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ ရှက်ဖီးယူနိုက်တက် ဝ-၄ မန်စီးတီး ဖြစ်ပါတယ်။