ပရီးမီးယားလိဂ် ၃ ပွဲ ကစားပြီးချိန်မှာ ရာသီကုန်ရင် ချန်ပီယံ ဘယ်အသင်း ဟောကိန်းထုတ်လာတဲ့ စူပါကွန်ပျူတာ
ပရီးမီးယားလိဂ် ပြိုင်ပွဲ စတင်လာပြီးနောက် ပွဲစဉ်၃အပြီးမှာတော့ ဘယ်လိုရာသီသိမ်းမယ်ဆိုတာ Bettingexpert ရဲ့ စူပါကွန်ပျူတာ ဟောကိန်းထုတ်လာပြီ ဖြစ်ပါတယ်။
အသင်းကြီးကတွေကတော့ အကောင်းဆုံး ခြေ မရသေးဘဲ အခြေကျအောင် အရှိန်ယူနေကြဆဲ ဖြစ်ကာ မန်စီးတီး အသင်းသာ ၃ ပွဲ ကစား၊ ၃ ပွဲနိုင်နဲ့ အမှတ်ပြည့် ရထားပါတယ်။
လက်ရှိ အချိန်ထိ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲ သာ ကစားရသေးပြီး ၃၅ ပွဲကစားရန် ကျန်နေသေးမှုနှင့်အတူ လပေါင်းများစွာ ကစားရန် ကျန်ပါသေးတယ်။
ဒါပေမဲ့ Bettingexpert ရဲ့ စူပါကွန်ပျူတာ BETSiE က ပရီးမီးယားလိဂ်ရာသီ ဘယ်လို အမှတ်ပေးဇယားမျိုးဖြင့် အဆုံးသတ်လာမယ် ဆိုတာ ကြိုတင် ဟောကိန်းထုတ်လာပါတယ်။
စူပါကွန်ပျူတာက ပရီးမီးယားလိဂ်ကို မန်စီးတီးကို ၄ ကြိမ်ဆက် စံချိန်တင် ဆွတ်ခူးလာမယ်လို့ ဟောကိန်းထုတ် လာပါတယ်။
အာဆင်နယ်ကို အဆင့် ၂ နေရာမှာဘဲ ဆက်လက် ရပ်တည်လာမှာ ဖြစ်ပြီး လီဗာပူး အဆင့် ၃ နဲ့ မန်ချက်စတာ ယူနိုက်တက် အဆင့် ၄ အဖြစ် ချန်ပီယံလိဂ် ဝင်ခွင့် ရလာမယ်လို့ ဟောကိန်းထုတ်သွားပါတယ်။
ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ နယူးကာဆယ်နှင့် ချဲလ်ဆီးတို့ကို ယူရိုပါလိဂ်ဝင်ခွင့် ရရှိလာမှာ ဖြစ်ပြီး စပါးစ်ကို ယူရိုပါကွန်ဖရင့် လိဂ် ဝင်ခွင့် ရလာမယ်လို့ ဟောကိန်းထုတ်သွားပါတယ်။
ဒါ့အပြင် အဲဗာတန်၊ လူတန်နှင့် ရှက်ဖီးလ်ယူနိုက်တက်တို့ကို တန်းဆင်းရမယ်လို့ ဟောကိန်းထုတ်သွားပါတယ်။