ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ အေကာင္းဆုံး ကစားနုိင္တဲ့ ေနရာကိုု သတိေပးလိုက္တဲ့ စပို႔တင္း နည္းျပေဟာင္း
ေပၚတူဂီၾကယ္ပြင့္ ဘ႐ူႏို ဖာနန္ဒက္စ္ကို နံပါတ္ ၁၀ ေနရာ မကစားဖို႔ စပို႔တင္း စီပီ နည္းျပေဟာင္းကားလို႔စ္ ကာဗယ္ဟယ္က ယူႏိုက္တက္ကို သတိေပးခဲ့ျပီး ဖာနန္ဒက္စ္က ခံစစ္ကို ခ်ိဳးဖ်က္ဖို႔ စြမ္းရည္နဲ႔အတူ Box to Box ကစားသမား ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ဖာနန္ဒက္စ္ဟာ ျပီးခဲ့တဲ့ ဇန္နဝါရီမွာ ယူ႐ို ၅၅သန္းနဲ႔ ယူနိုက္တက္ထံ ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ေပၚတူဂီကြင္းလယ္လူကို အမ်ားႀကီး ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ ဝုလ္ဗ္နဲ႔ ပြဲဦးထြက္မွာ ဖာနန္ဒက္စ္ရဲ႕ စြမ္းေဆာင္ရည္ေကာင္းကို ပရိသတ္ေတြ ျမင္ေတြ႕ခဲ့ရပါတယ္။
အသက္၂၅ႏွစ္ အ႐ြယ္ ကစားသမားဟာ ကြင္းလယ္ထိပ္ဆုံးမွာ တိုက္စစ္ကို လိုက္ပါဖို႔ ပြဲထြက္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ပြဲရဲ႕ အရွိန္အဟုန္ကို သတ္မွတ္ေပးဖို႔ ခံစစ္ ဆင္းကူေပးခဲ့ပါတယ္။ ၎ဟာ ကြင္းရဲ႕ ေနာက္ဆုံးပိုင္းမွာ စုစည္းႏိုင္တဲ့ စြမ္းရည္နဲ႔ သူ႔ရဲ႕ ေပးပို႔မႈ အကြာအေဝးေၾကာင့္ နံပါတ္ ၈ ေနရာ အေနနဲ႔ ကစားတဲ့အခါ ပိုၿပီး ထိေရာက္ႏိုင္တယ္လို႔ ကာဗယ္ဟယ္က ဆိုပါတယ္။
” သူက နံပါတ္ ၁၀ မဟုတ္ပါဘူး၊ သူက ကြင္းလယ္လူ တစ္ေယာက္ပါ၊ ဒါေပမယ့္ သူဟာ ဂိုးေတြသြင္းယူဖို႔ ခံစစ္ကို ၿဖိဳခြင္းႏိုင္တဲ့ စြမ္းရည္ တိုးတက္လာခဲ့တယ္၊ သူက ကန္သြင္းမႈ၊ ေပးပို႔မႈ၊ ဖန္တီးမႈနဲ႔ ဖရီးကစ္ေတြ လုပ္ႏိုင္တယ္၊
ဒါေပမယ့္ သူက နံပါတ္ ၁၀ မဟုတ္ဘူး၊ ပြဲကို ေကာင္းေကာင္းနားလည္တဲ့ Box to Box ကစားသမားပါ၊ သူ႔နားမွာ ျဖစ္ေနတဲ့အရာအားလုံးကို သူ နားလည္တယ္၊ သူက အသင္းကို စုစည္းႏိုင္တယ္၊ ေျပာဆိုႏိုင္တယ္၊ တုံ႔ျပန္ႏိုင္တယ္၊ သူက ကြင္းထဲက နည္းျပလိုပါပဲ၊ စိတ္လႈပ္ရွားစရာေ ေကာင္းတဲ့ ကစားသမားပါ ” လို႔ ကာဗယ္ဟယ္က ေျပာဆိုခဲ့ပါတယ္။
ကာဗယ္ဟယ္က ဖာနန္ဒက္စ္ကို ထိပ္တန္းကစားသမားျဖစ္လာဖို႔ ခန႔္မွန္းၿပီးသားျဖစ္ၿပီး ဖာနန္ဒက္စ္က ဆိုးလ္ရွားရဲ႕ ယူနိုက္တက္ စာရင္းကို ရႈေထာင့္အသစ္ ေပးႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။
ယူႏိုက္တက္ဟာ ခ်ဲလ္ဆီးနဲ႔ ေနာက္တနလၤာေန႔မွာ ေတြ႕ဆုံတဲ့အခါ အသင္းလူစာရင္းမွာ ဖာနန္ဒက္စ္အေနဲ႔ ေနရာတစ္ေနရာ ရဖို႔ ေမွ်ာ္လင့္ေန ပါလိမ့္မယ္။
Unicode – ပေါ်တူဂီကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ကို နံပါတ် ၁၀ နေရာ မကစားဖို့ စပို့တင်း စီပီ နည်းပြဟောင်းကားလို့စ် ကာဗယ်ဟယ်က ယူနိုက်တက်ကို သတိပေးခဲ့ပြီး ဖာနန်ဒက်စ်က ခံစစ်ကို ချိုးဖျက်ဖို့ စွမ်းရည်နဲ့အတူ Box to Box ကစားသမား ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ယူရို ၅၅သန်းနဲ့ ယူနိုက်တက်ထံ ပြောင်းရွှေ့လာပြီးနောက် ပေါ်တူဂီကွင်းလယ်လူကို အများကြီး မျှော်လင့်ခဲ့ကြပါတယ်။ ဝုလ်ဗ်နဲ့ ပွဲဦးထွက်မှာ ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်ကောင်းကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။
အသက်၂၅နှစ် အရွယ် ကစားသမားဟာ ကွင်းလယ်ထိပ်ဆုံးမှာ တိုက်စစ်ကို လိုက်ပါဖို့ ပွဲထွက်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပွဲရဲ့ အရှိန်အဟုန်ကို သတ်မှတ်ပေးဖို့ ခံစစ် ဆင်းကူပေးခဲ့ပါတယ်။ ၎င်းဟာ ကွင်းရဲ့ နောက်ဆုံးပိုင်းမှာ စုစည်းနိုင်တဲ့ စွမ်းရည်နဲ့ သူ့ရဲ့ ပေးပို့မှု အကွာအဝေးကြောင့် နံပါတ် ၈ နေရာ အနေနဲ့ ကစားတဲ့အခါ ပိုပြီး ထိရောက်နိုင်တယ်လို့ ကာဗယ်ဟယ်က ဆိုပါတယ်။
” သူက နံပါတ် ၁၀ မဟုတ်ပါဘူး၊ သူက ကွင်းလယ်လူ တစ်ယောက်ပါ၊ ဒါပေမယ့် သူဟာ ဂိုးတွေသွင်းယူဖို့ ခံစစ်ကို ဖြိုခွင်းနိုင်တဲ့ စွမ်းရည် တိုးတက်လာခဲ့တယ်၊ သူက ကန်သွင်းမှု၊ ပေးပို့မှု၊ ဖန်တီးမှုနဲ့ ဖရီးကစ်တွေ လုပ်နိုင်တယ်၊
ဒါပေမယ့် သူက နံပါတ် ၁၀ မဟုတ်ဘူး၊ ပွဲကို ကောင်းကောင်းနားလည်တဲ့ Box to Box ကစားသမားပါ၊ သူ့နားမှာ ဖြစ်နေတဲ့အရာအားလုံးကို သူ နားလည်တယ်၊ သူက အသင်းကို စုစည်းနိုင်တယ်၊ ပြောဆိုနိုင်တယ်၊ တုံ့ပြန်နိုင်တယ်၊ သူက ကွင်းထဲက နည်းပြလိုပါပဲ၊ စိတ်လှုပ်ရှားစရာေ ကောင်းတဲ့ ကစားသမားပါ ” လို့ ကာဗယ်ဟယ်က ပြောဆိုခဲ့ပါတယ်။
ကာဗယ်ဟယ်က ဖာနန်ဒက်စ်ကို ထိပ်တန်းကစားသမားဖြစ်လာဖို့ ခန့်မှန်းပြီးသားဖြစ်ပြီး ဖာနန်ဒက်စ်က ဆိုးလ်ရှားရဲ့ ယူနိုက်တက် စာရင်းကို ရှုထောင့်အသစ် ပေးနိုင်တယ်လို့ ယုံကြည်နေပါတယ်။
ယူနိုက်တက်ဟာ ချဲလ်ဆီးနဲ့ နောက်တနင်္လာနေ့မှာ တွေ့ဆုံတဲ့အခါ အသင်းလူစာရင်းမှာ ဖာနန်ဒက်စ်အနေဲ့ နေရာတစ်နေရာ ရဖို့ မျှော်လင့်နေ ပါလိမ့်မယ်။