ဒီကနေ့ည ချန်ပီယံလိဂ် မဲခွဲပွဲရှိခြင်း၊ ဖိုင်နယ်ကစားမယ့်ကွင်း၊ ချန်ပီယံ ရေပန်းစား အသင်းများနဲ့ သိကောင်းစရာများ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲ ပြန်လည် စတင်လာဖို့ နီးစပ်နေပြီဖြစ်ကာ အုပ်စုအဆင့် မဲခွဲမှုကို ဒီနေ့ညမှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။
မနှစ်ကရာသီ ဖလား ၃ လုံး ချန်ပီယံ မန်စီးတီးဟာ လက်ရှိ ချန်ပီယံဖြစ်ပြီး ချန်ပီယံဆုကို ကာကွယ်သွားမှာပါ။ မနှစ်က စီးရီးအေ ကလပ် အင်တာမီလန်ဟာ ပြိုင်ဘက်ဖြစ်ခဲ့ကာ ဖိုင်နယ်မှာ ၁-၀ ဖြင့် မန်စီးတီးကို အရေးနိမ့်ခဲ့ပါတယ်။
ချန်ပီယံလိဂ် မဲအိုးတွေကတော့ အတည်ပြု ထွက်ပေါ်လာပြီ ဖြစ်ရာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Pot 1: Barcelona, Manchester City, Bayern Munich, Paris Saint-Germain, Sevilla, Napoli, Benfica, Feyenoord.
Pot 2: Real Madrid, Atletico Madrid, Arsenal, Manchester United, Inter Milan, Borussia Dortmund, RB Leipzig, Porto.
Pot 3: Milan, Lazio, PSV, Red Bull Salzburg, Shakhtar Donetsk, Braga, Crvena Zvezda, Copenhagen.
Pot 4: Real Sociedad, Newcastle United, Lens, Galatasaray, Union Berlin, Celtic, Young Boys, Antwerp.
အုပ်စုအဆင့်မှာ မဲအိုး Pot တစ်ခုစီက တစ်သင်းစီနဲ့ လေးသင်း တစ်အုပ်စု ဖွဲ့မှာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ နိုင်ငံတူ အသင်းတွေ မတွေ့သေးပါဘူး။
ချန်ပီယံလိဂ် ဖိုင်နယ်ကို အင်္ဂလန်၊ လန်ဒန်မြို့က ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် အနိုင်ရဖို့ရာ ရေပန်းစား အသင်းတွေက မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်တို့ ဖြစ်ကြပါတယ်။