ယူနိုက္တက္က ဆန္ခ်ိဳကို အရ ေခၚယူသင့္တယ္လို႔ အၾကံျပဳတိုက္တြန္းမႈ ထြက္ေပၚ

မန္ခ်က္စတာယူနိုက္တက္ဟာ လာမယ့္ ရာသီမွာ အသင္းကို အင္အားျဖည့္ဖို႔အတြက္ ေဒါ့မြန္အသင္းမွ အဂၤလန္သား ေတာင္ပံကစားသမားေလး ဆန္ခ်ိဳကို မရရေအာင္ ေခၚယူသင့္တယ္လို႔ ယူနိက္တက္ ကစားသမားေဟာင္း လီရွပ္က အႀကံျပဳ တိုက္တြန္း ေျပာဆိုသြားခဲ့ပါတယ္။

ေဒါ့မြန္ၾကယ္ပြင့္ ဆန္ခ်ိဳအေနနဲ႔ လာမယ့္ ေႏြရာသီအေျပာင္းအေ႐ြ႕မွာ ေဒါ့မြန္အသင္းကေန ထြက္ခြာဖို႔ ေဆာင္႐ြက္ေနခဲ့တာျဖစ္ၿပီး အဂၤလန္လက္ေ႐ြးစင္ ကစားသမားဟာ ေမြးရပ္ေျဖစ္တဲ့ ပရီးမီးယားလိဂ္သို႔ ျပန္လာဖို႔ အခိုင္အမာ ခ်ိတ္ဆက္ေနခဲ့တာလည္း ျဖစ္ပါတယ္။

ဆန္ခ်ိဳကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ အသင္းေတြထဲမွာ ယူႏိုက္တက္အသင္းလည္း အပါအ၀င္ျဖစ္ၿပီး အျခား ပရီးမီးယားလိဂ္ ထိပ္သီး အသင္းေတြလည္း ပါ၀င္ပါတယ္။ ဆန္ခ်ိဳကို အရေခၚယူႏိုင္ဖို႔အတြက္ ဆိုရင္ေတာ့မန္ယူအသင္းအေနနဲ႔ ျမင့္မားတဲ့ ေျပာင္းေ႐ြ႕ေၾကးနဲ႔ ကမ္းလွမ္းႏိုင္မွသာ ေခၚယူနိုင္မွာပါ။

ယူနိုက္တက္ နည္းျပ ဆိုးလ္ရွားအေနနဲ႔ လာမယ့္ရာသီမွာ ထိပ္ဆုံး၄သင္းစာရင္းအသင္း၀င္ဖို႔အတြက္ဆိုရင္ အသင္းရဲ႕ တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းဖို႔ လိုအပ္ေနတယ္လို႔ လီရွပ္က သတိေပးလိုက္ပါတယ္။ ဒါေၾကာင့္လည္း ဆန္ခ်ိဳကို အရ ေခၚယူသင့္တာလို႔ ၄င္းက သတိေပးခဲ့တာပါ။

” အခုအခ်ိန္မွာ ဆန္ခ်ိဳဟာ ေဘာလုံးေလာကရဲ႕ ေရပန္းအစားဆံုး ကစားသမားတစ္ဦးလို႔ ထင္ပါတယ္၊ ဒါဟာ ၿပီးခဲ့တဲ့ လအနည္းငယ္အတြင္း သူျပဳလုပ္ခဲ့တာေတြေၾကာင့္ မဟုတ္ပါဘူး၊ ဆန္ခ်ိဳ ေျခစြမ္းေကာင္းေတြကို ျပသထားနိ္ုင္ခဲ့တာ ၿပီးခဲ့တဲ့ ရာသီကတည္းကပါ၊ သူဟာ တည္ၿငိမ္မႈရွိတဲ့ ကစားသမားတစ္ဦးဆိုတာ ဒါကသက္ေသပါပဲ။

ဆန္ခ်ိဳ ႔အေနနဲ႔ တစ္ပတ္ၿပီးတစ္ပတ္ ပိုမိုေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြကို ျပသထားႏိုင္ခဲ့တာပါ၊ သူဟာ ယူႏိုက္တက္အသင္း အမွန္တကယ္ လိုအပ္ေနတဲ့ ကစားသမားမ်ိဳးျဖစ္ၿပီး ယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔လည္း ဒီအေျပာင္းအေ႐ြ႕ကို အရမ္းျဖစ္ေစခ်င္ေနမွာပါ၊ သူဟာ တကယ္ကို ေကာင္းမြန္တဲ့ ကစားသမားတစ္ဦးျဖစ္တဲ့ အတြက္ ယူႏိုက္တက္မွာလည္း စြမ္းေဆာင္ရည္ေကာင္းေတြကို ျပသႏိုင္မယ္လို႔ က်ေနာ္ထင္ပါတယ္” လို႔ လီရွပ္က ေျပာဆိုခဲ့ပါတယ္။

ဆန္ခ်ိဳကို ယူနိုက္တက္ အျပင္ ခ်ယ္ဆီး၊ လီဗာပူးတို႕ကလည္း ေစာင့္ၾကည့္ေနတာပါ။ ဆန္ခ်ိဳ အတြက္ ေျပာင္းေရႊ႕ေၾကးကို ေဒါ့မြန္ဘက္က ေပါင္ သန္း ၁၀၀ ထိ ဆိုထားတာ ျဖစ္လို႔ ယူနုိက္တက္ကေတာ့ ထိုပမာဏထိ ေပးမယ့္ တစ္သင္း ျဖစ္ပါတယ္။

Unicode – မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ရာသီမှာ အသင်းကို အင်အားဖြည့်ဖို့အတွက် ဒေါ့မွန်အသင်းမှ အင်္ဂလန်သား တောင်ပံကစားသမားလေး ဆန်ချိုကို မရရအောင် ခေါ်ယူသင့်တယ်လို့ ယူနိက်တက် ကစားသမားဟောင်း လီရှပ်က အကြံပြု တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုအနေနဲ့ လာမယ့် နွေရာသီအပြောင်းအရွေ့မှာ ဒေါ့မွန်အသင်းကနေ ထွက်ခွာဖို့ ဆောင်ရွက်နေခဲ့တာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ မွေးရပ်ဖြေစ်တဲ့ ပရီးမီးယားလိဂ်သို့ ပြန်လာဖို့ အခိုင်အမာ ချိတ်ဆက်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဆန်ချိုကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်အသင်းလည်း အပါအဝင်ဖြစ်ပြီး အခြား ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေလည်း ပါဝင်ပါတယ်။ ဆန်ချိုကို အရခေါ်ယူနိုင်ဖို့အတွက် ဆိုရင်တော့မန်ယူအသင်းအနေနဲ့ မြင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ကမ်းလှမ်းနိုင်မှသာ ခေါ်ယူနိုင်မှာပါ။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားအနေနဲ့ လာမယ့်ရာသီမှာ ထိပ်ဆုံး၄သင်းစာရင်းအသင်းဝင်ဖို့အတွက်ဆိုရင် အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ လိုအပ်နေတယ်လို့ လီရှပ်က သတိပေးလိုက်ပါတယ်။ ဒါကြောင့်လည်း ဆန်ချိုကို အရ ခေါ်ယူသင့်တာလို့ ၎င်းက သတိပေးခဲ့တာပါ။

” အခုအချိန်မှာ ဆန်ချိုဟာ ဘောလုံးလောကရဲ့ ရေပန်းအစားဆုံး ကစားသမားတစ်ဦးလို့ ထင်ပါတယ်၊ ဒါဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း သူပြုလုပ်ခဲ့တာတွေကြောင့် မဟုတ်ပါဘူး၊ ဆန်ချို ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့တာ ပြီးခဲ့တဲ့ ရာသီကတည်းကပါ၊ သူဟာ တည်ငြိမ်မှုရှိတဲ့ ကစားသမားတစ်ဦးဆိုတာ ဒါကသက်သေပါပဲ။

ဆန်ချို့အနေနဲ့ တစ်ပတ်ပြီးတစ်ပတ် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့တာပါ၊ သူဟာ ယူနိုက်တက်အသင်း အမှန်တကယ် လိုအပ်နေတဲ့ ကစားသမားမျိုးဖြစ်ပြီး ယူနိုက်တက်ပရိသတ်တွေအနေနဲ့လည်း ဒီအပြောင်းအရွေ့ကို အရမ်းဖြစ်စေချင်နေမှာပါ၊ သူဟာ တကယ်ကို ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ အတွက် ယူနိုက်တက်မှာလည်း စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်မယ်လို့ ကျနော်ထင်ပါတယ်” လို့ လီရှပ်က ပြောဆိုခဲ့ပါတယ်။

ဆန်ချိုကို ယူနိုက်တက် အပြင် ချယ်ဆီး၊ လီဗာပူးတို့ကလည်း စောင့်ကြည့်နေတာပါ။ ဆန်ချို အတွက် ပြောင်းရွှေ့ကြေးကို ဒေါ့မွန်ဘက်က ပေါင် သန်း ၁၀၀ ထိ ဆိုထားတာ ဖြစ်လို့ ယူနိုက်တက်ကတော့ ထိုပမာဏထိ ပေးမယ့် တစ်သင်း ဖြစ်ပါတယ်။