ဟာလန်း ဟက်ထရစ်နဲ့ အတူ ချန်ပီယံ သမ္ဘာပြကာ ဖူလ်ဟမ်ကို ဂိုးပြတ်ကြိတ်သွားတဲ့ မန်စီးတီးရဲ့ နိုင်ပွဲ အကြောင်း

ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်စီးတီးကတော့ ပွဲတိုင်း အမှတ်ပြည့်ယူ အရှိန်ကောင်း ရနေကာ ဒီနေ့ည ပွဲမှာလည်း ဖူလ်ဟမ်ကိုလည်း အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့ပါတယ်။

ဖူလ်ဟမ်ကို စီးတီးက ၅-၁ နဲ့ ဂိုးပြတ် နိုင်ခဲ့တာ ဖြစ်ပြီး တိုက်စစ်မှုး ဟာလန်းကလည်း ဟက်ထရစ် ရသွားခဲ့တာ ကြောင့် အချိုပေါ် သကာလောင်းတဲ့ နိုင်ပွဲ ဖြစ်ခဲ့ရပါတယ်။

ဖူလ်ဟမ်ရဲ့ မာကျောတဲ့ ကစားပုံကြောင့် အစောပိုင်းမှာ မန်စီးတီး အနည်းငယ် ခက်ခဲခဲ့ပေမယ့် ပွဲချိန်ကြာလာလေ အသာစီးကစားနိုင်လေဖြစ်ပြီး သူတို့ရဲ့ တောင့်တင်းမှုကို ပြသနိုင်ခဲ့ပါတယ်။

မန်စီးတီးဟာ အယ်လ်ဗာရက်ဇ်ရဲ့ ဦးဆောင်ဂိုးရပြီး ချေပဂိုးချက်ချင်းပြန်ပေးခဲ့ရပေမယ့် ပွဲကို အေးဆေးကစားခဲ့ပြီး အနိုင်ဂိုးတွေ ထပ်သွင်းနိုင်ခဲ့ပါတယ်။

ဖူလ်ဟမ်ကလည်း အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့် မန်စီးတီးတို့ တကယ် တင် ကစားချိန်မှာ တောင့် မခံနိုင်ခဲ့တော့ပါဘူး။

မန်စီးတီးအတွက် အယ်လ်ဗာရက်ရဲ့ ဦးဆောင်ဂိုးကို ရီအမ်က ပြန်ချေပခဲ့ပေမယ့် နသန်အကီက ဦးဆောင်ဂိုး ထပ်သွင်းခဲ့လို့ ပထမပိုင်းမှာ ၂-၁ ဖြစ်နေခဲ့ပါတယ်။

အဲဒီနောက် ဒုတိယပိုင်း မှာ ဟာလန်းက နောက်တဂိုးထပ်သွင်းကာ ၃-၁ ဖြစ်စေခဲ့ပြီး မန်စီးတီးကို အနိုင်ရဖို့ သေချာစေခဲ့ပါတယ်။

ပွဲချိန် ၇၀ မိနစ်မှာ ဟာလန်းက ပင်နယ်တီကနေ နောက်တဂိုး ထပ်သွင်းခဲ့ကာ နောက်ဆုံး နာကျင် အချိန်ပိုမှာလည်း နောက်ထပ် တစ်ဂိုးသွင်းကာ နော်ဝေသား ဟက်ထရစ် ရယူသွားပါတယ်။

ပရီးမီးယားလိဂ် ၄ ပွဲ ကစားပြီးချိန်မှာ မန်စီးတီးက ၄ ပွဲလုံးနိုင် ၁၂ မှတ် ပြည့် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။