အကီရဲ့ ဂိုးက လူကျွံခဲ့တယ်လို့ ရိုးရိုးသားသားပဲ ပြောလာတဲ့ တိုက်စစ်မှုး ဟာလန်းနဲ့ စီးတီး ဂိုးသမားဟောင်းကြီး
တိုက်စစ်မှူး ဟာလန်းက ဖူလ်ဟမ်ပွဲမှာ ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့ခြင်းကို ပျော်ရွှင်နေပေမယ့် အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ အကီရဲ့ သွင်းဂိုးအပေါ်မှာ ရိုးသားတဲ့ သူ့ရဲ့ အမြင်ကိုလည်း ထုတ်ပြောခဲ့ပါတယ်။
ပွဲအပြီး beIN Sports နဲ့ အင်တာဗျူးမှာ ဟာလန်းက ” ကျနော်တို့အတွက် သီတင်းပတ်ကောင်း ဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာ ၅-၁ ရလဒ်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တယ်။
အကီရဲ့ ဂိုးက လူကျွံတယ်လို့ ကျနော် ထင်ပါတယ်။ ဖူလ်ဟမ်အတွက်တော့ စိတ်မကောင်းပါဘူး။ ကျနော် ဆိုရင်လည်း ပေါက်ကွဲမိမှာပါပဲ။ သူတို့အတွက် အတော်လေး ဆိုးရွားတဲ့ ခံစားမှု ရခဲ့မှာပါ ” လို့ ထုတ်ပြောခဲ့ပါတယ်။

သွင်းဂိုးဖြစ်စဉ်မှာ အကီရဲ့ ခေါင်းတိုက်ဂိုး လမ်းကြောင်းမှာ အခန်ဂျီ ရှိနေခဲ့ပြီး သူက ဘောလုံးကို ခုန်ရှောင်ခြင်းနဲ့ သွင်းဂိုးအပေါ် ပါဝင်ပတ်သက်မှု လုပ်ခဲ့တာပါ။ ဒါပေမယ့် VAR ကတော့ အခန်ဂျီ ဘောလုံးမထိဘူးဆိုတဲ့ အချက်နဲ့ ဂိုးပေးခဲ့ပါတယ်။
စီးတီးဂိုးသမားဟောင်း ရှေးဂစ်ဗင်ကလည်း ” ဒီဂိုးကို လူကျွံဘောအဖြစ် မသတ်မှတ်တာကို ကျနော် အံ့ဩမိပါတယ်။ အခန်ဂျီ က ဂိုးသမားရဲ့ မြင်ကွင်းလိုင်းပေါ်မှာ သိသိသာသာ ရှိနေတာပါ။ သူက ဘောလုံးလမ်းကြောင်းကို ခုန်ရှောင် ခဲ့တယ်။
ဒီတော့ အခန်ဂျီက ဂိုးသမားရဲ့ လိုင်းကို ပါဝင်စွက်ဖွက်မှု လုပ်တာ မဟုတ်ပါဘူး ငြင်းလို့ မရတော့ပါဘူး။ အခန်ဂျီ ဘောလုံး ထိမှာကို လီနိုက စောင့်နေခဲ့ရတာလေ ” လို့ ထောက်ပြခဲ့ပါတယ်။
