အာဆင္နယ္ရဲ႕ ဥေရာပ၀င္ခြင့္ အေနအထား သိရမယ့္အခ်ိန္ အာတီတာ ခန္႔မွန္းေျပာၾကား

အာဆင္နယ္ နည္းျပ အာတီတာက လာမယ့္ သီတင္းပတ္ အနည္းငယ္အတြင္းမွာပဲ အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္ အေနအထားနဲ႕ ေနာက္ရာသီ ဥေရာပ ၀င္ခြင့္ အေနအထားအတြက္ အေျဖထြက္လာမယ္လို႔ ယုံၾကည္ေနပါတယ္။

အာဆင္နယ္ အသင္းဟာ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၄ ပြဲ လုံး သေရက်ခဲ့လို႔ အဆင့္ ၄ ေနရာက ခ်ယ္လ္ဆီးအသင္းနဲ႔ ၁၀ မွတ္ ကြာသြားခဲ့ၿပီး အမွတ္ေပးဇယားမွာ အဆင့္ ၁၀ ကို ေရာက္ခဲ့ရတာ ျဖစ္ပါတယ္။ အာတီတာကေတာ့ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ အတြက္ လက္မေလွ်ာ့ေသးဘဲ ေစာင့္ၾကည့္ေနဆဲပါ။

လာမယ့္ နယူးကာဆယ္၊ အဲဗာတန္ နဲ႔ ဝက္စ္ဟမ္းအသင္းတို႔နဲ႕ ပြဲမ်ားကို အာဆင္နယ္က အိမ္ကြင္းမွာပဲ ကစားရမွာျဖစ္လို႔ အဲ့ဒီ ၃ ပြဲ လုံး အႏိုင္ရခဲ့ရင္ အမွတ္ေပးဇယား ရပ္တည္ခ်က္ ပိုမို ေကာင္းမြန္လာႏိုင္ဖြယ္ ရွိေနပါတယ္။

“လာမယ့္ သီတင္းပတ္ ၂ ပတ္ ၃ ပတ္ေလာက္ဆို က်ေနာ္တို႔ ဒီခုႏွစ္ ဥေရာပဝင္ခြင့္အတြက္ ဘယ္ေလာက္ အေနအထားကို ေရာက္ေနၿပီလဲ မွန္းၾကည့္လို႔ ရႏိုင္ပါၿပီ ” လို႔ အာတီတာက ေျပာၾကားထားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ဒီဇင္ဘာလက အာတီတာကို နည္းျပ အျဖစ္ ခန္႔အပ္ျပီးကတည္းက ၉ ပြဲ ကစားၿပီးခ်ိန္မွာ ၁ ပြဲသာ ရႈံးထားေပမယ့္ နိုင္ပြဲကလည္း ၃ ပြဲပဲ ရွိထားပါတယ္။ အဲ့ဒီ ထဲက အႏိုင္ရတဲ့ တစ္ပြဲဟာ ယူႏိုက္တက္ကို ဇန္နဝါရီ ၁ ရက္ေန႔က အိမ္ကြင္းမွာ အႏိုင္ရခဲ့လို႔ အာတီတာရဲ႕ ဖိအားေတြလည္း အနည္းငယ္ သက္သာရာ ရခဲ့ပါတယ္။

” က်ေနာ့္ အထင္ ႏိုင္ပြဲေတြက ေနာက္ကစားမယ့္ ပြဲအတြက္ အရမ္းကို အေရးပါတယ္။ ေဘာလုံးဟာ စိတ္ပိုင္းဆိုင္ရာ ဆက္ႏြယ္မႈ အမ်ားႀကီးရွိပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ႔အေနနဲ႔ ပြဲေတြကို အႏိုင္ရႏိုင္ဖို႔ သံသယ ရွိေနမယ္ဆိုရင္ ဒါက ပြဲကို အမ်ားႀကီး သက္ေရာက္ေစပါတယ္ ” လို႔ အာတီတာက မွတ္ခ်က္ျပဳခဲ့ပါတယ္။

အာဆင္နယ္ အတြက္ အခြင့္အေရးကေတာ့ ယူရိုပါလိဂ္မွာ ဗိုလ္စြဲရင္ ျဖစ္ျဖစ္၊ ခ်န္ပီယံလိဂ္ လာမယ့္ နွစ္ရာသီ ပြဲပယ္ခံထားရတဲ့ မန္စီးတီး ျပစ္ဒဏ္ အတည္ျပဳသြားရင္ အဆင့္ ၅ ေနရာ ရရင္ ျဖစ္ျဖစ္ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ကို ရရွိဦးမွာ ျဖစ္ပါတယ္။

Unicode – အာဆင်နယ် နည်းပြ အာတီတာက လာမယ့် သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် အနေအထားနဲ့ နောက်ရာသီ ဥရောပ ဝင်ခွင့် အနေအထားအတွက် အဖြေထွက်လာမယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ် အသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲ လုံး သရေကျခဲ့လို့ အဆင့် ၄ နေရာက ချယ်လ်ဆီးအသင်းနဲ့ ၁၀ မှတ် ကွာသွားခဲ့ပြီး အမှတ်ပေးဇယားမှာ အဆင့် ၁၀ ကို ရောက်ခဲ့ရတာ ဖြစ်ပါတယ်။ အာတီတာကတော့ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် လက်မလျှော့သေးဘဲ စောင့်ကြည့်နေဆဲပါ။

လာမယ့် နယူးကာဆယ်၊ အဲဗာတန် နဲ့ ဝက်စ်ဟမ်းအသင်းတို့နဲ့ ပွဲများကို အာဆင်နယ်က အိမ်ကွင်းမှာပဲ ကစားရမှာဖြစ်လို့ အဲ့ဒီ ၃ ပွဲ လုံး အနိုင်ရခဲ့ရင် အမှတ်ပေးဇယား ရပ်တည်ချက် ပိုမို ကောင်းမွန်လာနိုင်ဖွယ် ရှိနေပါတယ်။

“လာမယ့် သီတင်းပတ် ၂ ပတ် ၃ ပတ်လောက်ဆို ကျနော်တို့ ဒီခုနှစ် ဥရောပဝင်ခွင့်အတွက် ဘယ်လောက် အနေအထားကို ရောက်နေပြီလဲ မှန်းကြည့်လို့ ရနိုင်ပါပြီ ” လို့ အာတီတာက ပြောကြားထားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီဇင်ဘာလက အာတီတာကို နည်းပြ အဖြစ် ခန့်အပ်ပြီးကတည်းက ၉ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲသာ ရှုံးထားပေမယ့် နိုင်ပွဲကလည်း ၃ ပွဲပဲ ရှိထားပါတယ်။ အဲ့ဒီ ထဲက အနိုင်ရတဲ့ တစ်ပွဲဟာ ယူနိုက်တက်ကို ဇန်နဝါရီ ၁ ရက်နေ့က အိမ်ကွင်းမှာ အနိုင်ရခဲ့လို့ အာတီတာရဲ့ ဖိအားတွေလည်း အနည်းငယ် သက်သာရာ ရခဲ့ပါတယ်။

” ကျနော့် အထင် နိုင်ပွဲတွေက နောက်ကစားမယ့် ပွဲအတွက် အရမ်းကို အရေးပါတယ်။ ဘောလုံးဟာ စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှု အများကြီးရှိပါတယ်။ ဒါကြောင့် ကျနော်တို့ ့အနေနဲ့ ပွဲတွေကို အနိုင်ရနိုင်ဖို့ သံသယ ရှိနေမယ်ဆိုရင် ဒါက ပွဲကို အများကြီး သက်ရောက်စေပါတယ် ” လို့ အာတီတာက မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် အတွက် အခွင့်အရေးကတော့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲရင် ဖြစ်ဖြစ်၊ ချန်ပီယံလိဂ် လာမယ့် နှစ်ရာသီ ပွဲပယ်ခံထားရတဲ့ မန်စီးတီး ပြစ်ဒဏ် အတည်ပြုသွားရင် အဆင့် ၅ နေရာ ရရင် ဖြစ်ဖြစ် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရရှိဦးမှာ ဖြစ်ပါတယ်။