မန်စီးတီး ရှိနေသမျှ အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ကို မဖြစ်နိုင်ဘူး ဆိုလာသူ
ရော်ဘီ ဆားဗေ့ချ်ကတော့ ဒီရာသီ အာဆင်နယ်အသင်း လူစာရင်း တောင့်တင်းလာပေမယ့် မန်စီးတီးကို ကျော်နိုင်မှာ မဟုတ်ကြောင်း သုံးသပ်လာခဲ့ပါတယ်။
မနှစ်ကထက် ပိုမို အင်အားတောင့်တင်းလာတဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ဖလား စိန်ခေါ်နိုင်မယ့် အသင်းတွေထဲ ပါဝင်လာပါတယ်။ ဒါပေမယ့် စီးတီး ရှိနေတာကြောင့် ချန်ပီယံ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ဆားဗေ့ချ်က ယူဆထားပါတယ်။
ရော်ဘီ ဆားဗေ့ချ်က “ ယူနိုက်တက်နဲ့ ပွဲမှာ ရိုက်စ် သိပ်ကောင်းပါတယ်။ ဝေဖန်ခံနေရပေမယ့် ဟာဗက်ကလည်း ကောင်းလာဦးမှာပါ။ အာဆင်နယ်အတွက် အိုဒီဂတ်က ဂိုးသွင်းနိုင်ခဲ့ပြီး သူတို့ ကွင်းလယ်က တော်တော် သန်မာပါတယ်။
အိုဒီဂတ်နဲ့ ရိုက်စ် အတွဲက ပိုကောင်းလာဖို့ပဲရှိတယ်။ ရိုက်စ်ဆိုရင် ခံစစ်အတွက်တင် မဟုတ်ဘဲ တိုက်စစ် အတွက်ပါ ကူညီနိုင်စွမ်း ရှိပါတယ်။ ဂိုးသွင်းနိုင်တယ်၊ ဦးဆောင်နိုင်တယ်၊ သူက အာဆင်နယ် လူစာရင်းကို အရည်အချင်း အများကြီး ထည့်ပေါင်း ကူညီပေးနိုင်ပါတယ်။
ဒါပေမယ့်လို့ အာဆင်နယ်တို့ အမှတ်ပေးဖလား အောင်မြင်မယ် မထင်ပါဘူး။ ရိုးရိုးလေးပါပဲ။ မန်စီးတီးကြောင့် သူတို့ မရနိုင်တာပါ။
ပရီးမီးယားလိဂ်မှာ မန်စီးတီး မရှိခဲ့ရင်တော့ အာဆင်နယ်ရနိုင်ပါတယ်။ အာဆင်နယ်အတွက် ကံ မကောင်းတာက စီးတီးတို့ ပရီးမီးယားလိဂ်မှာ ရှိနေတာပါပဲ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာ မန်စီးတီး ဟာ ပရီးမီးယားလိဂ်မှာ ၄ ပွဲ ကစား ၄ ပွဲနိုင် အမှတ်ပြည့် ရထားတဲ့ တစ်သင်းတည်းသော အသင်းလည်း ဖြစ်နေပါတယ်။