ယောက်ဖ ကြက်ဥ မတိုက်တော့ဘူး ဆိုတဲ့ မန်စီးတီး စည်းမျဉ်းသစ်ကြောင့် ဂွမ်ဒိုဂန် ဘာစီလိုနာ ရောက်သွားခြင်း ဖြစ်

မန်ချက်စတာစီးတီး အသင်း ရဲ့ ထူးခြားတဲ့ အပြောင်းအရွှေ့စည်းမျဉ်းသစ်ကြောင့် ယခုနွေရာသီမှာ အာဆင်နယ် အသင်းက ကွင်းလယ် ကစာသမား ဂန်ဒိုဂမ်ကို မခေါ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဂန်ဒိုဂမ်ဟာ မန်စီးတီးကို သမိုင်းဝင် ဖလား ၃ လုံးတပြိုင်နက် ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ယခုနွေရာသီမှာ အီတီဟတ်ကနေ အလွတ်နဲ့ ထွက်ခွာပြီး ဘာစီလိုနာကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
ဂျာမနီကွင်းလယ်ကြယ်ပွင့်ဟာ မန်စီးတီးနဲ့ ကာလရှည်စာချုပ် ချုပ်ဆိုပြီး ဆက်နေဖို့ လုပ်ဆောင်ခဲ့တယ်လို့ သတင်းတွေလည်း ထွက်ခဲ့သေးပြီး ဘာစီလိုနာသို့ မပြောင်းခင် အာဆင်နယ်ကို ပြောင်းဖို့လည်း သတင်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးကတော့ ဂန်ဒိုဂမ် ကို ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်ခဲ့တဲ့ အာဆင်နယ်ထက် ဘာစီလိုနာကို ပိုမိုပြောင်းရွှေ့စေချင်ခဲ့တာ သိသာပြီး ဧပြီလတုန်းက Football Insider ရဲ့ ဖော်ပြချက်အရ မန်စီးတီးဟာ အာဆင်နယ်ကို နောက်ထပ် ဘယ်ကစားသမားမှ ရောင်းချခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အာဆင်နယ်က မန်စီးတီးကစားသမားတွေအတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာခဲ့ရင်တောင်မှ ငြင်းပယ်သွားမှာဖြစ်ပါတယ်။
ဂန်းနားတွေဟာ ၂၀၂၂-၂၀၂၃ ရာသီမတိုင်ခင်မှာ ဂါဘရီယဲလ် ဂျေဆူးစ်နဲ့ ဇင်ချန်ကိုတို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် မန်စီးတီးကို တစ်ရာသီလုံး ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ မန်စီးတီးက အာဆင်နယ်ကို ကျော်ဖြတ်ပြီး ဗိုလ်စွဲသွားခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့ အသင်းဟာ ယောက်ဖကြက်ဥတိုက်မိသလို ဖြစ်ခဲ့တာကို သင်ခန်းစာအကြီးအကျယ်ရသွားခဲ့တာကြောင့် နောက်ထပ် အမ်းမရိတ်စ်ကို ကစားသမားရောင်းချမှုမပြုလုပ်ဖို့ စည်းမျဉ်းသစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။